သတင်းတို

လာရောက်သူနည်းပါးနေတဲ့ရွှေစက်တော်ကို စရိတ်ငြိမ်း၊ နေ့စားခပေးပို့ပေးမယ်ဆိုကာ စစ်ကောင်စီကစည်းရုံးနေပြီး Non-CDM တွေကိုလည်း အလှည့်ကျသွားဖို့ ညွှန်ကြား

“ လူတွေကို လိုက်စည်းရုံးတာ၊ တဦးကိုအခကြေးငွေလည်းပေးမယ်၊ ကားနဲ့လည်း လိုက်ပို့ပေးမယ်၊ စရိတ်စကလည်း ၅ ထောင်ပေးမယ်ဆိုပြီး ရွှေစက်တော်ကို အတင်းခေါ်တာ။ ရပ်ကွက်တွေထဲကတော့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်ကတည်းက ခေါ်နေတာ၊ လွန်ခဲ့တဲ့ ၂ ရက်ကလည်း တသုတ်သွားတယ်။”

မြင်းခြံမြို့နယ် ကံဆင့်ရွာဗုံးကြဲခံရလို့ အမျိုးသား ၁ ဦးသေဆုံး

"ရွာခံတွေက လက်နက်ကြီးနဲ့ပစ်နေတဲ့အချိန်မှာ ဗုံးခိုကျင်းထဲနေကြတာ။ ပစ်ပြီးတော့ ဦးလှကိုက ရွာသားတွေထိခိုက်ရှိ၊ မရှိ ထွက်ကြည့်တဲ့အချိန်မှာ လေယာဥ်ဗုံးက သူအိမ်ပေါ်တည့်တည့်ကျတာမှာ သူ့ကိုထိသွားတာ"

စလင်းမှာ ဘုန်းကြီးကျောင်းဗုံးကြဲခံရလို့ အမျိုးသား ၁ ဦးသေပြီး ကိုယ်၀န်သည် ၁ ဦးအပါ ၃ ဦးဒဏ်ရာရ

“ဂျက်ဖိုက်တာနဲ့ ၃ လုံးကြဲသွားတာ ကင်မွန်းချုံဘုန်းကြီးကျောင်းကို ကြဲသွားတာ။ ဘုန်းကြီးကျောင်းကတော့ တော်တော်လေးစုတ်ပြတ်သွားတယ်။ ကျောင်းရှေ့ဇရပ်နားမှာနေတဲ့ အမျိုးသားက ရေနွေးသွားထည့်တာလို့ပြောတယ်။ အသက် ၅၇ နှစ်၊ အဲ့ ၁ ယောက် သေဆုံးတယ်။ ကျောင်းအောက်မှာနေတဲ့ ကပ္ပိယကြီး ၂ ယောက် ဒဏ်ရာရတယ်။ ဘုန်းကြီးကျောင်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အိမ် ၁ အိမ်က ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက် ထိတယ်။”

ရန်ကုန်-ပြည်ကားလမ်းဘေး စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ် ၂ ရက်ဆက်တိုက်ခိုက်ခံရပြီး ၈ ဦးသေ(ရုပ်/သံ)

“အဲ့ဒီ စစ်ဆေးရေးဂိတ်မှာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်‌ရေးမှူးနဲ့ ပျူစောထီးတွေ အင်အား ၂၀ ကျော် ၃၀ လောက်ရှိတယ်၊ အဲ့ဒီမှာနေတာ။ စစ်ကောင်စီ**ဘက်က ၇ ဦးသေဆုံးတယ်။ လက်နက်တွေနဲ့ ဒဏ်ရာရသူတွေကိုတော့ ဒရွတ်တိုက် အမှောင်ဘက်ကိုဆွဲသွားတယ်။ ကျန်တဲ့ ၆ ဦးလောက်လည်း ဒဏ်ရာအပြင်းအထန်နဲ့ ပြေးသွားရတယ်။ စစ်ကွင်းမြို့ထဲကိုလည်း သူတို့‌တတွေ အလံဖြူထောင်ပြီးပြေးရတယ်။ ပြေးရတော့လည်း ပုဆိုးမနိုင်ပဝါမနိုင်နဲ့ ပြေးသွားကြရတယ်။”

ရန်ကုန်-ပြည်ကားလမ်းဘေး စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ် ၂ ရက်ဆက်တိုက်ခိုက်ခံရပြီး ၈ ဦးသေ

“အဲ့ဒီ စစ်ဆေးရေးဂိတ်မှာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်‌ရေးမှူးနဲ့ ပျူစောထီးတွေ အင်အား ၂၀ ကျော် ၃၀ လောက်ရှိတယ်၊ အဲ့ဒီမှာနေတာ။ စစ်ကောင်စီ**ဘက်က ၇ ဦးသေဆုံးတယ်။ လက်နက်တွေနဲ့ ဒဏ်ရာရသူတွေကိုတော့ ဒရွတ်တိုက် အမှောင်ဘက်ကိုဆွဲသွားတယ်။ ကျန်တဲ့ ၆ ဦးလောက်လည်း ဒဏ်ရာအပြင်းအထန်နဲ့ ပြေးသွားရတယ်။ စစ်ကွင်းမြို့ထဲကိုလည်း သူတို့‌တတွေ အလံဖြူထောင်ပြီးပြေးရတယ်။ ပြေးရတော့လည်း ပုဆိုးမနိုင်ပဝါမနိုင်နဲ့ ပြေးသွားကြရတယ်။”

စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ ခုက သာသနိကအဆောက်အအုံတွေအပါ အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီ ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြောင်မြို့နယ် နဲ့ ဝက်လက်မြို့နယ်တို့ကို မတ် ၁၉ ရက်နဲ့ ၂၀ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေရှိပြီး သာသနိကအဆောက်အအုံနဲ့ နေအိမ်တွေပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပဲခူးနဲ့မွန်ပြည်နယ်အစပ်မှာ လက်နက်ကြီးထိလို့ သံဃာ ၁ ပါးပျံလွန်

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ရွာအခြေစိုက် ပျူစောထီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်တဲ့ လက်နက်ကြီးထိမှန်တဲ့အတွက် သံဃာ ၁ ပါး ပျံလွန်ပြီး ၂ ပါးဒဏ်ရာရတယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံဆီက သိရပါတယ်။

ကသာမှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၃၀ ကျော်သေဆုံးပြီး ၃၀ ကျော်အရှင်ဖမ်းမိ

"ကျနော်တို့သိရသလောက်က စစ်ကောင်စီဘက်က အကျအဆုံးတော်တော်များတယ်။ ၃၀ ကျော်မယ်။ အရှင်ဖမ်းမိတာလည်း များတယ်။ စစ်သုံ့ပန်းဖမ်းမိတာက KIA ဘက်က ဖမ်းမိတာလည်းရှိတယ်။ PDF ဘက်က ဖမ်းမိတာလည်းရှိတယ်။ ပေါင်းလိုက်မယ်ဆိုရင်တော့ ၃၀ ကျော်ရှိတယ်။ နောက်ပြီးတော့ စစ်ကောင်စီတပ်တွေက ကစဉ့်ကလျားနဲ့အကုန်ထွက်ပြေးကုန်တာ။ ၁၉ ရက်နေ့ကဆို နောက်ထပ် ၁၈ ယောက်ဖမ်းမိတယ်လို့ကြားထားသေးတယ်။"

မြောင်မှာတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄ ဦးသေဆုံး(ရုပ် / သံ)

“လှေတင်ဦးရွာကို လက်နက်ကြီးနဲ့ မြောင်ရဲစခန်းကနေပစ်လို့ ပြည်သူ ၁ ဦးထိခိုက်သေဆုံးခဲ့တယ်။ စစ်တပ်မင်္ဂလာဆောင်ကို ပစ်ခတ်တိုက်ခိုက်နေတဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပစ်ကူတောင်းလို့ ကျနော်တို့ ပစ်ရောက်တိုက်ခိုက်စဉ်မှာ စစ်တပ်ကလေယာဉ်ပစ်ကူတောင်းတဲ့အချိန်မှာ လေယာဉ်ပစ်ကူမလာနိုင်ဘဲနဲ့ စစ်တပ်လေထီးတပ် စက်တပ်ယာဉ် ၂ စီးနဲ့ မုံရွာမြို့ နမခကနေ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်”

မြောင်မှာတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄ ဦးသေဆုံး

“လှေတင်ဦးရွာကို လက်နက်ကြီးနဲ့ မြောင်ရဲစခန်းကနေပစ်လို့ ပြည်သူ ၁ ဦးထိခိုက်သေဆုံးခဲ့တယ်။ စစ်တပ်မင်္ဂလာဆောင်ကို ပစ်ခတ်တိုက်ခိုက်နေတဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပစ်ကူတောင်းလို့ ကျနော်တို့ ပစ်ရောက်တိုက်ခိုက်စဉ်မှာ စစ်တပ်ကလေယာဉ်ပစ်ကူတောင်းတဲ့အချိန်မှာ လေယာဉ်ပစ်ကူမလာနိုင်ဘဲနဲ့ စစ်တပ်လေထီးတပ် စက်တပ်ယာဉ် ၂ စီးနဲ့ မုံရွာမြို့ နမခကနေ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်”

အသေမခံဘဲ ပြန်အဖမ်းခံခဲ့တဲ့ တပ်မ ၈၈ က ဒုတပ်ရင်းမှူးကို စစ်ကောင်စီတပ်က ဖိအားပေးတာဝန်ပြန်ထမ်းခိုင်း (ရုပ်/သံ)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်မှာ စစ်ဆင်ရေးအမိန့်မနာခံမှုနဲ့ဖမ်းဆီးခံထားရတဲ့ တပ်မ ၈၈ က ဒုတပ်ရင်းမှူး ၁ ဦးကို စစ်ကောင်စီတပ်က မူလရာထူးအတိုင်း ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဖိအားပေးစေခိုင်းနေတယ်လို့ ပဒါန်းတပ်နယ်နဲ့နီးစပ်သူတဦးဆီက သိရပါတယ်။

ရေစကြိုက ရွာ ၂ ရွာကို စစ်ကောင်စီမီးထပ်ရှို့ပြီး ဒေသခံ ၃ သောင်းဝန်းကျင်လည်း စစ်ရှောင်နေရ

“ဘိစပ်ကုန်းရွာက အိမ်ခြေ ၁၀၀ ကျော်ရှိတယ်။ မီးထဲပါသွားတာကတော့ အသေးစိတ်တော့မသိရသေးဘူး၊ ရွာထဲကို ပြန်မဝင်နိုင်ကြသေးဘူး။ ငတရော်ရွာကိုလည်း နောက်နေ့ဆက်မီးရှို့ကြတာ။”

စစ်ကောင်စီယာဉ်တန်း အမြန်လမ်းမှာ အနီးကပ်တိုက်ခိုက်ခံရ

“ရဲကား ၁ စီးနဲ့ နောက်က အိမ်စီးကား ၂ စီးမှာ **တွေပါတယ်။ အနီးကပ်ပစ်တာ၊ ရဲ ၅ ဦးကတော့ သေတယ်လို့ သိရပါတယ်။ ကား ၃ စီးကို ပစ်ခတ်ပြီးနောက်ပိုင်းမှာ ၃၁၉ ကင်းစခန်းကနေ လှမ်းပစ်တာတွေရှိတယ်။ ကျနော်တို့နဲ့ အပြန်အလှန် မိနစ်ပိုင်းလောက်ပစ်ပြီးတော့ ကျနော်တို့ပြန်ဆုတ်ခဲ့တာ။”

ညောင်ကျိုးကို ချောဆွဲသွားခံရတဲ့ ကားဒရိုင်ဘာဖြစ်သူ ၅ ရက်ကြာပျောက်ဆုံးနေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းရှိတဲ့ ညောင်ကျိုးကျေးရွာကို ချောဆွဲခံရတဲ့ ကားဒရိုင်ဘာ အမျိုးသား ၁ ဦး ၅ ရက်ကြာပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကနီမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရ

"မထင်မှတ်လည်း လာကြဲတာပေါ့။ စစ်ရေးလှုပ်ရှားမှု ဘာမှလည်းမရှိဘူး။ တောသွားလမ်းတွေမှာ ကျတာ။ လှည်းနဲ့သွားနေချိန် ထိတာ။ ရော့ကက်တွေနဲ့ ပစ်ခတ်သွားတာ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10