သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းရှိတဲ့ ညောင်ကျိုးကျေးရွာကို ချောဆွဲခံရတဲ့ ကားဒရိုင်ဘာ အမျိုးသား ၁ ဦး ၅ ရက်ကြာပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၁၃ ရက်ကဘူးကျေးရွာကနေ ညောင်ကျိုးကို ချောဆွဲခံရတဲ့ ကားဒရိုင်ဘာဖြစ်သူ သီဟ(ခ)သီဟကိုကိုမှာ မတ် ၁၉ ရက်ဒီကနေ့အချိန်ထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတာလို့ဆိုပါတယ်။
"စကစတွေချောဆွဲတာက သီဟရဲ့ ညီကားကိုပါ။ အဲ့တာကို အကိုဖြစ်သူ သီဟက စိတ်မချလို့ သူကိုယ်တိုင်မောင်းပို့ခဲ့တာ။ မိသားစုကရှာနေကြတယ်။ ညောင်ကျိုးဘက် စခတွေကို တင်ပြီးသွားရင်းက မိုင်းထိပြီး ပစ်ခံရတယ်လည်းကြားတယ်။ သေပြီဆိုတဲ့ သတင်းလဲထွက်နေတယ်"လို့ ပန်းတောင်းဒေသခံ အမျိုးသားတဦးကပြောပါတယ်။
စစ်ကောင်စီတပ်ချောဆွဲသွားတဲ့ ကားမှာ ပြည်မြို့ကနေ ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာကို ခရီးသည်တွေပြေးဆွဲနေတဲ့ကားဖြစ်တယ်လို့ သိရပါတယ်။
"အခုထပ်ကြားတာ တက်သွားတဲ့ကားမှန်သမျှ ပြန်မဆင်းလာကြသေးဘူး။ အကုန် ပိတ်မိနေတယ်လို့လည်းကြားနေရတယ်"လို့ အထက်ပါအမျိုးသားကဆိုပါတယ်။
အာရက္ခတပ်တော်(AA)နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ညောင်ကျိုးကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ ပင်မစခန်းကုန်းတိုက်ပွဲကို စစ်ကူပို့ဆောင်စဥ်အတွင်းမှာ စစ်ကောင်စီတပ်က အရပ်သားခရီးသည်တင်ကားတွေကို မကြာခဏဆိုသလို ချောဆွဲတာပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပန်းတောင်း #ညောင်ကျိုး #ကားဒရိုင်ဘာ #ပျောက်ဆုံး
Share Share Share