စစ်ကိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ပသုံးလုံး တပ်ဖွဲ့ဝင်များ

စစ်ကိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ပသုံးလုံး တပ်ဖွဲ့ဝင်များ

စစ်ကိုင်းမြို့နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပအဖ၊ ပကဖ နဲ့ ပလဖတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း စစ်ကိုင်းတံတား ၂ စင်းလုံး  အသုံးပြုမရတော့တာကြောင့် သွားလာရခက်ခဲနေပြီး စစ်ကိုင်းမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းအထိ လူမှုကူညီရေးအသင်းအဖွဲ့တွေရဲ့ ကူညီကယ်ဆယ်ရေးတွေ ရောက်ရှိမလာသေးဘူးလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ဓာတ်ပုံ - NUG

 

#မြေလတ်အသံ

#စစ်ကိုင်း #ကယ်ဆယ်ရေး #ပသုံးလုံးတပ်ဖွဲဝင်များ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10