စစ်ကျွန်ပညာ မခံတဲ့ စစ်ကိုင်းက စစ်ရှောင်စာသင်ကျောင်း (ရုပ်/သံ)

စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း ရွာတွေက ကျောင်းနေအရွယ်ကလေးငယ်တွေဟာ ပညာရေးတပိုင်းတစနဲ့ ဆက်လက်မသင်ကြားနိုင်ခဲ့တာ နှစ်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်၊။ မြန်မာနိုင်ငံမှာ ကိုဗစ် နိုင်တင်းဖြစ်ခဲ့ပြီးနောက် ကျောင်းတွေပိတ်ထားရခဲ့သလို ၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်မှာလည်း စာသင်ကျောင်းတွေ မီးရှို့ဖျက်ဆီးခံရလို့ ကျောင်းမတက်နိုင်ကြတာ အခုဆိုရင် ၃ နှစ်ဝန်းကျင် ရှိလာနေပါပြီ။

တော်လှန်ရေးကာလထဲမှာ NUG လက်အောက်ခံဖြစ်တဲ့ စစ်ဘေး၊ မီးဘေး နဲ့ ပညာရေး အကူအညီပေးနေတဲ့ S&C အဖွဲ့က စစ်ကိုင်းတိုင်းထဲမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးနေပေမယ့် စာသင်ကျောင်းရှိတဲ့ နေရာတဝိုက်က ကလေးတွေသာ ပညာသင်ကြားခွင့်ရကြပြီး မီးရှို့ခံထားရတဲ့ ရွာတော်တော်များများက ကျောင်းမတက်နိုင်ကြသေးပါဘူး။ 

S&C အဖွဲ့က ပြည်တွင်းပြည်ပ အလှူရှင်တွေ အကူအညီနဲ့ မီးရှို့ခံရတဲ့ ရွာတွေမှာ စာသင်ကျောင်း ၈ ကျောင်းကို ဆောက်လုပ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ကျောင်းပေါင် ၈၀ ဆောက်လုပ်ပေးဖို့ စီစဉ်ထားတယ်လို့ S&C တာဝန်ခံ ကိုစိုးမိုးအောင်က ဆိုပါတယ်။ သူတို့အဖွဲ့က စာသင်ကျောင်းအပြင် မီးဘေးသင့် သူတွေအတွက် အိမ်အလုံး ၃၀၀ ကိုလည်း ဆောက်လုပ်ပေးခဲ့ပါသေးတယ်။ အခုလို NUG စာသင်ကျောင်းတွေ ရှိလာတဲ့အတွက် ကျောင်းနဲ့ ၃ နှစ်ဝန်းကျင် အဆက်ပြတ်နေတဲ့ ကလေးတချို့ ကျောင်းတက်နိုင်ကြပြီဖြစ်လို့ မိဘတွေမှာ သူတို့ကလေး ပညာရေးအတွက် ခေတ်စနစ်ဆိုးထဲကနေ မျှော်မှန်းချက်တွေ ရလာပြီလို့ ကျောင်းသားမိဘတဦးတွေက ဆိုကြပါတယ်။

သတင်း နှင့်တည်းဖြတ် - ငြိမ်းဇော်

# မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10