သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ အမဲခေါင်အုပ်စု၊ ရမ်းနဂါးကျေးရွာရှိ ဟိန္ဒူဘုရားကျောင်းပေါ် ဇန်နဝါရီ ၁ ရက်က ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုအတွင်း သေဆုံးဒဏ်ရာရရှိသူတွေဟာ အကြမ်းဖက်သမားတွေလို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ သတင်းအမှားတွေဖြန့်ဝေနေပါတယ်။
■ သတင်းအမှားပျံ့နှံ့မှု ■
“ဖြူးမြို့နယ်အကြမ်းဖက်များအား ဒရုန်းတိုက်ခိုက်သုတ်သင်မှုကြောင့်အများအပြားသေဆုံး (မူရင်းရေးသားချက်အတိုင်း)”ဟုဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။
သတင်းမှားဖော်ပြမှုကို ပျက်စီးနေတဲ့အဆောက်အဦဓါတ်ပုံ၊ သေဆုံး၊ ဒဏ်ရာရသူ ၄ ဦးရဲ့ ဓါတ်ပုံတွေနဲ့ ယှဉ်တွဲဖော်ပြထားတာဖြစ်ပြီး သေဆုံးသူတွေကို အကြမ်းဖက်သမားတွေလို့ ရည်ညွှန်းထားကာ အဖွဲ့အစည်းကိုတော့ အမည်တပ်ဖော်ပြတာမတွေ့ရပါဘူး။
အဆိုပါအကြောင်းအရာကို စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Subscribers ၂၅,၆၀၀ ကျော်ရှိ Truth Media တယ်လီဂရမ်ချန်နယ်မှ ဇန်နဝါရီ ၂ ရက် နေ့လယ် ၁၂ နာရီ ၃၄ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၇ ရက် ဒီကနေ့ နေ့လယ်ပိုင်းအထိ ကြည့်ရှုသူ ၂၇,၆၀၀ ကျော် Reaction ၁၄၁ ခုနဲ့ မှတ်ချက် ၈ ခု ရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အထက်ပါအကြောင်းအရာကို Truth Media တယ်လီဂရမ်ချန်နယ်က ဖော်ပြပြီးနောက် ဇန်နဝါရီ ၂ ရက် နေ့လယ် ၁၂ နာရီ ၄၂ မိနစ်မှာ Subscribers ၃၄,၄၀၀ ကျော်ရှိတဲ့ နေပြည်တော် တယ်လီဂရမ်ချန်နယ်နဲ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်မှာ Subscribers ၇၂,၂၀၀ ကျော်ရှိတဲ့ Snow Queen တယ်လီဂရမ်ချန်နယ်တို့က မူရင်းဖြန့်ဝေသူနဲ့ မိနစ်ပိုင်းသာခြားပြီး ၎င်းအကြောင်းအရာကို ထပ်ဆင့်မျှဝေဖော်ပြခဲ့တာ တွေ့ ရှိရပါတယ်။
သတင်းမှားဖော်ပြမှုမူရင်းနဲ့ ထပ်ဆင့်ဖော်ပြမှုတွေကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Truth Media တယ်လီဂရန်ချမ်နယ် မှ ဖော်ပြမှု - https://archive.ph/IBwSC
နေပြည်တော် တယ်လီဂရမ်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/dsalr
Snow Queen တယ်လီဂရမ်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/QWOYa
အဆိုပါအကြောင်းအရာ တယ်လီဂရန်လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံက ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မှားယွင်းဖော်ပြထားတဲ့ သတင်းတု၊ သတင်းမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။
■ သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက် ■
အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းမှားဖော်ပြချက်မှာပါဝင်တဲ့ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ အမဲခေါင်အုပ်စုနေရာဖော်ပြချက်ကို အသုံးပြုပြီး Google မှာ “ဖြူးမြို့နယ် အမဲခေါင်အုပ်စု” ဆိုတဲ့စာသားနဲ့ရှာဖွေကြည့်ရာ “Mizzima” သတင်းဌာန Website မှာ “ဖြူးမြို့နယ်မှ ဟိန္ဒူဘုရားကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု အရပ်သား ၇ ဦးသေဆုံး၊ ၇ဦး ဒဏ်ရာရ” ဆိုတဲ့သတင်းကိုတွေ့ရှိရပြီး ဖော်ပြထားတဲ့သတင်းဓါတ်ပုံဟာ Truth Media တယ်လီဂရမ်ချန်နယ်က အသုံးပြုထားတဲ့ အဆောက်အဦပျက်ဓါတ်ပုံနဲ့ ကိုက်ညီနေတာကို တွေ့ရှိရပါတယ်။
Mizzima ရဲ့သတင်းဖော်ပြချက်မှာတော့ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက် အမဲခေါင်ကျေးရွာအုပ်စု၊ ရမ်းနဂါးကျေးရွာရှိ ဟိန္ဒူဘုရားကျောင်းသို့ ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ၇ ဦးသေဆုံးပြီး ၇ ဦး ထိဒဏ်ရာရရှိခဲ့ကြောင်း ဖြူးမြို့နယ်ပကဖတာဝန်ရှိသူကပြောဆိုတယ်လို့ ရေးသားဖော်ပြထားတာကို တွေ့ရှိရပါတယ်။
ဆက်လက်ပြီး Google မှာ “ရမ်းနဂါးကျေးရွာရှိ ဟိန္ဒူဘုရားကျောင်း” ဆိုတဲ့စာသားနဲ့ ရှာဖွေကြည့်ရာမှာ Mizzima မှ သတင်းဖော်ပြချက်အပြင် အခြားလွတ်လပ်တဲ့သတင်းဌာနတွေကလည်း အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းဖော်ပြထားတာတွေကိုတွေ့ရှိရကာ အဲ့ဒီဖော်ပြချက်တွေအရ ဖြူးမြို့နယ်အတွင်း အမဲခေါင်ကျေးရွာအုပ်စု၊ ရမ်းနဂါးရွာမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတကျောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ သေဆုံးဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားကြပါတယ်။
လွပ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကို အောက်ပါလင်ခ့်တွေမှာ ကြည့်ရှုနိုင်ပါတယ် -
ဖြူးမြို့နယ်မှ ဟိန္ဒူဘုရားကျောင်းကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု အရပ်သား ၇ဦးသေဆုံး၊ ၇ဦး ဒဏ်ရာရကြောင်း Mizzima မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်
ဇေယျဝတီမြို့တွင် ဟိန္ဒူဘုရားကျောင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၇ ဦးသေကြောင်း Myanmar Now မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်
ဖြူးမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒရုန်းဗုံးကြောင့် ခုနစ်ဦး သေဆုံးကြောင်း RFA မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်
ဒါကြောင့် စစ်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့သေဆုံးသူတွေဟာ အကြမ်းဖက်သမားတွေဆိုတဲ့ သတင်းဖြန့်ဝေမှုဟာ နားလည်မှုလွဲမှားစေတဲ့ သတင်းအမှားတခုသာ ဖြစ်ပါတယ်။
■ သတင်းအမှားဖြန့်ဝေနေတဲ့အကောင့်များအား စိစစ်ချက် ■
သတင်းအမှားဖြန့်ဝေနေတဲ့ Truth Media တယ်လီဂရမ်ချန်နယ်ကို စိစစ်ကြည့်ရာမှာ Kyaw Kyaw Min အမည်နဲ့ တယ်လီဂရမ်အသုံးပြုသူက လူမျိုးရေး၊ ဘာသာရေးအမုန်းစကားတွေနဲ့ သတင်းမှားတွေကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားဝါဒဖြန့်နေတဲ့ ချန်နယ်တခုဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
ဒါ့အပြင် အဆိုပါသတင်းအမှားကို ထပ်ဆင့်မျှဝေထားတဲ့ နေပြည်တော်တယ်လီဂရမ်ချန်နယ်နဲ့ Snow Queen တယ်လီဂရမ်ချန်နယ်တွေကလည်း သတင်းတု/သတင်းမှားတွေ တင်ဆက်နေတာကိုတွေ့ရှိရသလို အဆိုပါ တယ်လီဂရန်ချန်နယ်တွေဟာ အပြန်အလှန်သတင်းတွေမျှဝေတာ၊ သတင်းအကြောင်းအရာတခုတည်းကို အချိန်ကွာခြားချက်မရှိဘဲ တပြိုင်တည်းဖြန့်ဝေလေ့ရှိတာတွေကိုလည်း တွေ့ရှိရပါတယ်။
Truth Media တယ်လီဂရမ်ချန်နယ် - https://archive.ph/J2DMk
နေပြည်တော် တယ်လီဂရမ်ချန်နယ် - https://archive.ph/t5Zxz
Snow Queen တယ်လီဂရမ်ချန်နယ် - https://archive.ph/XQIyo
၎င်းချန်နယ်တွေ ယခင်ဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲက Myanmar Fact-checking Network - MFCN မှ အချက်အလက်စစ်ဆေးစိစစ်ဖော်ပြထားတဲ့ သတင်းအမှားအကြောင်းအရာတချို့ကို အောက်ပါလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။
Truth Media တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/CmXIF
နေပြည်တော် တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/6EeiF
Snow Queen တယ်လီဂရမ်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/oET9o
■ သုံးသပ်ချက် ■
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဟာ စစ်ကောင်စီတပ်ရဲ့အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေနဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင် ဒေသခံနေအိမ်၊ ရွာတွေအပေါ် ပစ်ခတ်တိုက်ခိုက်တာတွေကို ဖုံးကွယ်နိုင်ဖို့ အရပ်သားသေဆုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေမှာ စစ်ရေးပစ်မှတ် PDF တွေကိုသာ တိုက်ခိုက်တာဖြစ်ပြီး သေဆုံး၊ဒဏ်ရာရသူတွေဟာ PDFတွေ (သို့မဟုတ်) အကြမ်းဖက်သမားတွေဖြစ်ကြောင်း သတင်းတု၊ သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးကာ ဖြန့်ဝေလေ့ရှိပါတယ်။
အခုဖြစ်စဉ်မှာဆိုရင်လည်း စစ်ကောင်စီတပ်က စစ်ရေးနဲ့သက်ဆိုင်ခြင်းမရှိတဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံ ဟိန္ဒူဘုရားကျောင်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့မှုနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေကို ဖုံးကွယ်နိုင်ဖို့အတွက် သေဆုံး၊ဒဏ်ရာရခဲ့သူတွေဟာ အကြမ်းဖက်သမားတွေသာဖြစ်ကြောင်း လုပ်ကြံဖန်တီးထားတာဖြစ်ပါတယ်။
ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ အဲ့ဒီသတင်းတွေမှာပါဝင်တဲ့ ဓါတ်ပုံ၊ စာသားတွေကိုနဲ့ နေရာဒေသ မြို့၊ရွာ အမည်တွေကို Google ကနေ ရှာဖွေတိုက်ဆိုင်စစ်ဆေးဖတ်ရှုတာမျိုးအပြင် အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကိုလည်း ကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။
#မြေလတ်အသံ
#Factcheck #သတင်းတုသတင်းမှား #ဖြူး #ဇေယျဝတီ #ဟိန္ဒူဘုရားကျောင်း
Share Share Share