၁၀ ရက်ကျော်ကြာရေမကျလို့ မြောင်နယ်ထဲကပြည်သူတွေ နေရပ်မပြန်နိုင်သေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အနောက်တောင်ခြမ်းမှာ ၁၀ ရက်ကျော်တဲ့အထိ ရေမကျသေးလို့ ကျေးရွာ ၂၀ ကျော်ခန့် ရေနစ်မြုပ်နေပြီး ပြည်သူတွေဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။

အဲဒီဒေသမှာ ဇူလိုင် ၅ ရက်ကစတင်ပြီး ချင်းတွင်းမြစ်ရေနဲ့ ဧရာဝတီမြစ်ရေ တက်လာတာကြောင့် ​ရေလယ်ကျွန်းဒေသနဲ့ ဆက်စပ်နေတဲ့ မြေအနိမ့်ပိုင်းက ကျေးရွာ ၂၀ ကျော်ခန့် ရေနစ်မြုပ်ခဲ့တာလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြောင်ပကဖ) ဇုန် ၆ တာ၀န်ခံ ကိုဖိုးစည်က ပြောပါတယ်။ 

ဒါ့အပြင် မြစ်ရေက ရုတ်တရက်တက်လာလို့ ပဲနီ၊ ပဲဖြူ၊ မတ်ပဲ၊ ပဲတီစိမ်းစိုက်ခင်းနဲ့ ငှက်ပျောခင်းတွေ ရေနစ်မြုပ်ပျက်စီးခဲ့ရပြီး ဒီနေ့ဇူလိုင် ၁၇ ရက် အထိ ၁၀ ရက်ကျော်အတွင်း မြစ်ရေအနည်းငယ်သာကျတာကြောင့် ဒေသခံတွေ နေရပ်ပြန်လို့မရသေးဘူးလို့လည်း ပြောပါတယ်။

လက်ရှိမှာ ဒေသခံတွေဟာ အနီးအနားကအမြင့်ပိုင်းကျေးရွာတွေနဲ့ ကုန်းမြင့်တွေ ဘုန်းကြီးကျောင်းတွေမှာနေထိုင်နေကြရပြီး စားသောက်ရေးအတွက် ရိက္ခာတွေလိုအပ်နေတယ်လို့လည်း ကိုဖိုးစည်က ဆက်ပြောပါတယ်။ 

ရေကျသွားတဲ့အချိန်မှာ ရေနစ်လို့ပျက်စီးသွားတဲ့လမ်းတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထစနစ်နဲ့သာ ပြန်လည်လုပ်ကိုင်သွားမယ်လို့လည်း ဆိုပါတယ်။

​လက်ရှိရေနစ်မြုပ်နေတဲ့ ကျေးရွာတွေဟာ ရွာခံတွေနဲ့ မန္တလေး၊ မြင်းခြံနယ်တဝိုက်က စစ်ဘေးရှောင်တွေ လာရောက်နေထိုင်နေကြတဲ့ရွာတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #ရေနစ်မြုပ် #ဧရာဝတီမြစ် #ချင်းတွင်းမြစ် #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10