ဝက်လက်မြို့နယ်ထဲက ကိုယ်ထူကိုယ်ထစာသင်ကျောင်းမှာ ပုံနှိပ်စာအုပ်၊ သင်ထောက်ကူနဲ့ သောက်သုံးရေ လိုအပ်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ရွှေဘိုခရိုင်တပ်ရင်း ၁၅ က ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။

အဲဒီစာသင်ကျောင်းဟာ ၂၀၁၈ ခုနှစ်က ဗိုလ်ကြီး နေမျိုးဇင်လှူဒါန်းခဲ့တဲ့ ကိုယ်ထူကိုယ်ထကျောင်းဖြစ်ပြီး အာဏာသိမ်းချိန်အစပိုင်းမှာ ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်မှာ တပ်ရင်း ၁၅ က ဦးဆောင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။

စာသင်ကျောင်းရဲ့ နာမည်ကို အောင်ဆန်းရည်ချွန်လို့ ပေးထားပြီး ကျောင်းသား၊ ကျောင်းသူ ၄၂ ယောက်ရှိကာ KG ကနေ Grade-9 အထိ ဆရာမ ၃ ယောက်နဲ့ ဆရာ ၁ ယောက်တို့က Volunteer အဖြစ် သင်ကြားပေးနေတယ်လို့လည်း သိရပါတယ်။

ကျောင်းသား ကျောင်းသူတွေလိုအပ်တဲ့ စာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံ စတဲ့ပစ္စည်းတွေကိုလည်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ ကပဲ လစဥ်လှူဒါန်းထောက်ပံ့ပေးတယ်လို့လည်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

စာသင်ကြားရာမှာ NUG ကချမှတ်တဲ့ကြားကာလ ပညာရေးစနစ်နဲ့ ပညာရေးဘုတ်အဖွဲ့ဖွဲ့ကာ သင်ကြားပေးနေတာလို့ Volunteer အဖြစ်သင်ကြားပေးနေတဲ့ ဗိုလ်ကောက်ရိုးရဲ့ဇနီးဖြစ်သူ Volunteer ဆရာမ ဒေါ်ဆန်းမွန်အေးက ဆိုပါတယ်။

စာသင်ကြားရေးမှာတော့ ပုံနှိပ်စာအုပ်၊ သင်ထောက်ကူပစ္စည်းတွေ ၀ယ်ယူရတာခက်ခဲပြီး သောက်သုံးရေရှားပါးတဲ့ အခက်အခက်နဲ့လည်း ကြုံတွေ့နေရတယ်လို့လည်း ဆရာမ ဒေါ်ဆန်းမွန်အေးကပြောပါတယ်။

လက်ရှိမှာ ကျောင်းသား/သူ တွေအတွက် ကျောင်းဝတ်စုံချုပ်ပေးနေပြီး မိုးတွင်းကာလ သောက်သုံးရေအဆင်ပြေစေဖို့အတွက် ရေလှောင်ကန် ၄ ကန်ဆောက်လုပ်ဖို့ စီစဥ်နေတယ်လို့လည်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ ဆီက သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #စာသင်ကျောင်း #ပုံနှိပ်စာအုပ် #သင်ထောက်ကူ #လိုအပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10