စစ်ရှောင်တွေကို ရွေ့လျားစနစ်နဲ့ဆေးကုပေးနေတဲ့ ပခုက္ကူခရိုင် တပ်ရင်း ၁၁ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင် အမှတ် ၁၁ တပ်ရင်း (PPC) ဟာ စိုးမိုးနယ်မြေနဲ့အနီးတဝိုက်က စစ်ရှောင်ပြည်သူတွေကို အခမဲ့ဆေးကုသပေးခဲ့ပြီး ယင်လုံအိမ်သာ ၂ လုံးကိုလည်း ဆောက်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်က လသားမိခင်တွေ၊ လေဖြန်းလူနာတွေ အပါအဝင် စစ်ရှောင်ပြည်သူ ၃၀ ကျော်ကို အခမဲ့ဆေးကုသပေးပြီး ယင်လုံအိမ်သာ ၂ လုံးနဲ့  စစ်ရှောင်တွေနေထိုင်ဖို့ အဆောက်အဦတွေကိုပါ တပ်ရင်းရဲ့ရဲဘော်တွေက ဆောက်လုပ်ပေးခဲ့တာလို့ ပခုက္ကူခရိုင် တပ်ရင်း ၁၁ (PPC) ရဲ့ I.O (Intelligence Officer) ကိုတေဇ က ပြောပါတယ်။

ဆေးကုသရာမှာလည်း CDM သူနာပြု ၃ ဦးနဲ့အတူ တပ်ရင်းရဲ့ သင်တန်းဆင်းဆေးတပ်သားရဲဘော်တွေက ကုသပေးခဲ့တာလို့ သူကဆက်ပြောပါတယ်။

ဘဏ္ဏာရေး အခက်အခဲနဲ့ ဆေးဝါး၀ယ်ယူရ ခက်ခဲတာကြောင့် လူဦးရေအနည်းငယ်သာကုသနိုင်တော့ပေမယ့် ရရာနည်းနဲ့ ဆက်လက်ကုသပေးသွားဦးမယ်လို့လည်း ပြောပါတယ်။ 

ပခုက္ကူခရိုင်တပ်ရင်း ၁၁ အနေနဲ့  ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ် အတွင်းမှာ စစ်ရှောင်တွေကို အများဆုံး အခမဲ့ဆေးကုသပေးနိုင်ခဲ့ပြီး အထိုင်ဆေးခန်းကို  စစ်ကောင်စီတပ်ရဲ့ မီး ၂ ကြိမ်ရှို့ခံခဲ့ရချိန်ကစကာ အခုလိုရွေ့လျားစနစ်နဲ့ ကုသပေးနေတာလို့လည်း သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #တပ်ရင်း၁၁ #ဆေးကု #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10