သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် DOUNG NI People Defence Force - DNPDF ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ရဲ့ လက်ထပ်ထိမ်းမြှားမင်္ဂလာပွဲကို အဲ့ဒီတပ်ဖွဲ့က ဦးဆောင်ပြီး ကျင်းပပေးခဲ့ပါတယ်။
ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ကျော်ကြီးရဲ့မင်္ဂလာပွဲကို နိုဝင်ဘာ ၁၂ ရက်က တပ်ရင်းအတွင်းမှာပဲ နှစ်ဖက်မိဘအစုံအလင်နဲ့ အကျဥ်းချုပ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဲဒီမင်္ဂလာပွဲကို နှစ်ဖက်မိဘဆွေမျိုးတွေအပြင် ဒေသခံတွေ တပ်ရင်းရဲဘော်တွေက တက်ရောက်ခဲ့တယ်လို့ တပ်ရေးဗိုလ် ကိုလေးလုံးက ပြောပါတယ်။
"နယ်မြေအခြေအနေအရ အရမ်းကြီးအကြီးအကျယ်ကြီး လုပ်တာမျိုးတော့မဟုတ်ဘူး၊ တပ်တွင်းနဲ့ တပ်ခွဲကရဲဘော်တွေနဲ့ နှစ်ဖက်မိဘအစုံအလင်နဲ့ အတော်အသင့်ဧည့်ပရိသတ်နဲ့ အဲ့လိုပဲစီစဥ်လိုက်ရတယ်"လို့ တပ်ရေးဗိုလ် ကိုလေးလုံးက ပြောပါတယ်။
ဒါ့အပြင် ရဲဘော်ကျော်ကြီးရဲ့ မင်္ဂလာသတို့သမီးဟာလည်း ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးဖြစ်တာကြောင့် သူတို့ရဲ့မင်္ဂလာပွဲကို တပ်ရင်းကဦးဆောင်ပြီး အခုလိုကျင်းပပေးခဲ့တာလို့ ပြောပါတယ်။
"ရဲဘော်ရဲ့ မင်္ဂလာဆောင်ကတော့ ကျနော်တို့ အကုန်လုံးအကျွေးအမွေးကစပြီးတော့ မဏ္ဍပ်အစတပ်ဖွဲ့က စီစဥ်ပေးတယ်၊ အညာရဲ့ထုံးစံအတိုင်းပဲ ကျနော်တို့ထမင်းနဲ့ ဟင်း၊ ဝက်သားဟင်းနဲ့ ကျွေးပါတယ် "လို့ ကိုလေးလုံးက ဆက်ပြောပါတယ်။
မင်္ဂလာလက်ထပ်စာချုပ် အသိသက်သေတွေအဖြစ် နှစ်ဖက်မိဘ၊ တပ်ရင်းနာယက ၂ ဦး၊တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်တို့က လက်မှတ်ရေးထိုးပေးခဲ့ပြီး ငွေ ၆ သိန်း ကိုတပ်ရင်းက လက်ဖွဲ့ခဲ့တယ်လို့လည်း သိရပါတယ်။
စာတည်း - ဈာန်မြင့်၊ တည်းဖြတ် - HP
#မြေလတ်အသံ
#စစ်ကိုင်း #ဝက်လက် #ရဲဘော် #မဂ်လာဆောင် #ကျင်းပ
Share Share Share