ဒိန်းဒေါင်ဦးဆောင်တဲ့ လူရွှင်တော်အဖွဲ့က MNDAA ကို အလိုမရှိကြောင်း နေပြည်တော်မှာဆန္ဒပြ (ရုပ်/သံ)

ဟာသသရုပ်ဆောင် လူရွင်တော်ဒိန်းဒေါင်နဲ့ ဟာသလူရွှင်တော်တွေက MNDAAနဲ့ ပူးပေါင်းအဖွဲ့တွေကို ဆန့်ကျင်ကြောင်း ဒီနေ့ သြဂုတ် ၉ ရက် မနက်ပိုင်းက နေပြည်တော် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ဒိန်းဒေါင်အပါအဝင် ၎င်းဦးဆောင်တဲ့ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးအဖွဲ့ဝင်တွေဟာ MNDAA အပါအဝင်မဟာမိတ်တွေဖြစ်တဲ့ AA နဲ့TNLAကိုလည်း အလိုမရှိကြောင်း၊ ဆန့်ကျင်ရှုတ်ချကြောင်း ရေးသားထားတဲ့ ဘန်နာတွေကိုကိုင်ဆောင်ကာ ဆန္ဒပြခဲ့တာကို စစ်တပ်ထောက်ခံမီဒီယာတွေကတဆင့် ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဆန္ဒပြပွဲမှာ MNDAAအပါအဝင် မဟာမိတ်တပ်တွေကို အမြစ်ဖြတ်ချေမှုန်းပေးဖို့အပြင် တိုက်ပွဲဝင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေကို ဦးညွှတ်ဂုဏ်ပြုကြောင်း ရေးသားထားတဲ့ဘန်နာတွေကိုင်ကာ စစ်ကောင်စီကို တောင်းဆိုခဲ့ကြပါတယ်။  

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်ကလည်း  နေပြည်တော်မှာပြုလုပ်တဲ့ ဟာသထူးချွန်ဆုပေးပွဲမှာ ဟာသလူရွှင်တော်များအစည်းအရုံးရဲ့အဖွဲ့ဝင်တချို့ကို စစ်ကောင်စီက ဆုပေးခဲ့ပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#နေပြည်တော် #ဒိန်းဒေါင် # မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး #MNDAA #ဆန္ဒပြ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10