ရွှေဘိုတပ်ရင်း ၁၅ က အာဇာနည်နေ့အခမ်းအနားနဲ့ ရေလှောင်ကန်အပ်နှံပွဲကျင်းပပြီး မုန့်ဟင်းခါးကျွေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ က ဦးဆောင်ပြီး ၇၇ နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားနဲ့ တပ်ရင်းကဦးဆောင်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို ရေလှောင်ကန်အပ်နှံပွဲ ကျင်းပခဲ့တယ်လို့ အဲဒီတပ်ရင်းက သိရပါတယ်။

အခမ်းအနားကို ဇူလိုင် ၁၉ ရက်ဒီနေ့မနက် ၈ နာရီကနေ ၁၀ နာရီခွဲအထိ ကျင်းပခဲ့တာဖြစ်ပြီး ၁၉၄၇ ဇူလိုင် ၁၉ ရက်မှာကျဆုံးခဲ့တဲ့ အာဇာနည် ၉ ဦးနဲ့  တပ်ရင်းရဲ့ကျဆုံးရဲဘော် ၇ ဦးကိုပါ အလေးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေဘိုခရိုင်တပ်ရင်း ၁၅ က ဦးဆောင်ဖွင့်လှစ်ထားတဲ့ အောင်ဆန်းရည်ချွန် စာသင်ကျောင်းကို ရေလှောင်ကန် ၃ ကန် အပ်နှံခဲ့ပြီး တက်ရောက်လာတဲ့ရဲဘော်၊ ပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေကို မုန့်ဟင်းခါး ကျွေးမွေးခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ ရဲ့ တပ်ရင်းမှူးဗိုလ်ကောက်ရိုး က ပြောပါတယ်။

အဲဒီအခမ်းအနားမှာ ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းဝတ်စုံ ၄၃ စုံကိုလည်းပေးအပ်ခဲ့ပြီး တပ်ရင်းက ရဲဘော် ၅၀ ကျော်၊ ပြည်သူ ၆၀ ကျော်၊ ကျောင်းသားကျောင်းသူ ၄၃ ယောက်တို့ တက်ရောက်ခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်းရဲ့ ကျဆုံးရဲဘော် ၇ ဦးဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ဇွန်လနဲ့ ဇူလိုင်လတို့မှာကျဆုံးခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #အာဇာနည်နေ့ #စာသင်ကျောင်း #အခမ်းအနား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10