စစ်ကောင်စီကင်းစခန်းအနီး ပိတ်မိနေတဲ့ဒေသခံတွေကို PDF ခေါ်ယူစောင့်ရှောက်ထား
“သူတို့က ဘယ်လိုအခက်တွေနဲ့ စစ်ဘေးရှောင်လာရတာလည်းဆိုရင် စစ်တပ်ကင်းစခန်းနဲ့ ကျနော်တို့ ကြားထဲမှာ ပြည်သူတွေကကြားညပ်နေတာ၊ သူတို့က တောထဲမှာတဲတွေထိုးပြီးနေရတာ။ အဲ့ဒါကို ကျနော်တို့က သွားပြီးကယ်ထုတ်ခဲ့တာ။ သူတို့မှာဈေးဝယ်လို့လည်း အဆင်မပြေ၊ ဒုက္ခတွေ ရောက်နေလို့ ကျနော်တို့ဘက်ကို အကုန်လုံးခေါ်ခဲ့တော့တာ။”