စစ်ရှောင်

ဦးဝါသဝစစ်ကြောင်း မီးရှို့သွားတဲ့ ခင်ဦးနယ်က စစ်ရှောင်တွေ အရေးပေါ် အကူအညီလိုအပ်နေ (ရုပ်/သံ)

ခင်ဦးမြို့နယ်၊ သုံးရွာတန်းက စစ်ရှောင်ပြည်သူတွေဟာ နေအိမ်တွေမီးရှို့ခံရပြီး ရွှေ့ပြောင်းနေထိုင်နေရကာ ကိုယ်ဝန်သည်မိခင်တွေနဲ့ ကလေးငယ်တွေအပါအဝင် အများစုဟာ ဆေးဝါးနဲ့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်တွေကို စားဝတ်နေရေးနဲ့ ဝင်ငွေရဖို့ ခြင်းရက်နည်းသင်ပေး (ရုပ်/သံ)

စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေဖို့နဲ့ တဖက်တလမ်းကနေ ဝင်‌ငွေရဖို့အတွက် ရည်ရွယ်ပြီး တာဘိုစစ်ရှောင်စခန်းနဲ့ YC စစ်ရှောင်စခန်းတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ခြင်းရက်တတ်အောင် သင်ပေးတာလို့ ကောလင်း ပြည်သူမှပြည်သူသို့အဖွဲ့က ဆိုပါတယ်။

စစ်တပ်မီးရှို့ခဲ့တဲ့ကျေးရွာက အိမ်ထောင်စု ၆၀ ကျော်ကို ငွေထောက်ပံ့

အိမ်ထောင်စုတစုကို ငွေကျပ် ၅ သောင်းစီနဲ့ စက်တင်ဘာလ ၇ ရက်မှာ ပခုက္ကူမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားစာနာတာဝန်ခံက သွားရောက်ထောက်ပံ့ခဲ့တာလို့ ပခုက္ကူမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှရုံးအဖွဲ့မှူး မစုက ပြောပါတယ်။

မြောင်နယ်က စစ်ရှောင်စခန်းတခုမှာ အရေပြားနဲ့ ဂေါက်ရောဂါအဖြစ်များနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း မြင်းခြံနယ်၊ ရန္တပိုရွာမှ လာရောက်စစ်ရှောင်သူ ၂၅၀ ခန့်ထဲမှာ ကျန်းမာရေးချို့တဲ့သူတွေရှိနေပြီး ဆေးကုသဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်ပြည်သူတဦးဆီက သိရပါတယ်။

ထန်းတပင်မှာ နေရပ်ပြန်သူတွေကို စစ်အုပ်စုက စစ်ဆေးမေးမြန်းမှုမရှိ ပစ်ခတ်နေလို့ ဒေသခံတွေနေရပ်မပြန်ရဲသေး

"ရွာထဲ လူဝင်လာတာနဲ့ ပစ်တာ အစစ်ဆေးအမေးမြန်းမရှိဘဲ။ အဲ့တော့ အခုထိ ဘယ်သူမှမပြန်ရဲကြသေးဘူး။”

မြိုင်နယ်က စစ်ရှောင် ၃၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတရွာမှာစစ်ရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူ ၃၀၀ ကျော်ကို စက်တင်ဘာ ၅ ရက်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG အဖွဲ့ဆီက သိရပါတယ်။

အင်းတော်မှာ စစ်တပ်ကလူသားဒိုင်းအဖြစ်ပိတ်ဆို့ထားတဲ့ ပြည်သူ ၁၀၀၀ကျော်ထဲက ၂ဦးသေဆုံး

“ဘုန်းကြီးကျောင်းတွေကနေထွက်ပြေးဖို့ကြိုးစားရင် PDFနဲ့မှားယွင်းပစ်ခတ်မိနိုင်တယ်လို့ စစ်တပ်က ခြိမ်းခြောက်ပြောဆိုထားလို့ ပြည်သူတွေအနေနဲ့ မထွက်ခွာရဲကြဘူး။ ထွက်ပြေးရင်း ပြန်ဖမ်းမိသူတွေဆိုလည်း ဘုန်းကြီးကျောင်းတွေကို ပြန်ပို့တယ်” လို့ မြို့အခြေအနေသိရှိတဲ့ ပြည်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ရှောင်စခန်းက ကလေးငယ် ၆၆ ယောက်အတွက် မိုးကာအင်္ကျီနဲ့ ဆေးဝါးအချို့ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်စစ်ရှောင်စခန်းတခုက ကလေးငယ် ၆၆ ယောက်အတွက် မိုးကာအင်္ကျီနဲ့ ဆေးဝါးအချို့ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က စက်တင်ဘာ ၃ ရက်မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။

စစ်ရှောင် ဆင်ထိန်းမိသားစုနဲ့ ဆင်များကို PLA တပ်ရင်းက စောင့်ရှောက်ထား (ရုပ်/သံ)

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် သစ်တောဝန်ကြီးဌာန၊ သစ်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆင်တွေအပါ၊ ဆင်အုပ်၊ ဆင်ထိန်းနဲ့ သူတို့ရဲ့မိသားစုတွေ ဘေးကင်းရာဒေသကို စစ်ရှောင်လာကြတယ်လို့ ပြည်သူ့လွတ်မြောက် ရေးတပ်မတော် People Liberation Army- PLA ဆီက သိရပါတယ်။

ကောလင်းအနောက်ခြမ်းက အိမ်ထောင်စု ၁၅၀ ကို အခြေခံစားသောက်ကုန်တွေ လှူဒါန်း (ရုပ်/သံ)

စက်တင်ဘာ ၁ ရက် မနက် ၈ နာရီခွဲက အိမ်ထောင်စု ၁၅၀ စုကို ၁ အိမ်ထောင်လျှင် ကြက်သွန် ၅၀ သား ၊ ဆား ၁ ပိဿာ၊ ကြာဇံ ၁ ထုပ်၊ မြေပဲနို့ဆီဗူး ၁ ဗူး၊ လက်ဖက် ၂ ထုပ် လှူဒါန်းခဲ့တယ်လို့ ကောလင်း ပြည်သူမှပြည်သူသို့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။

စစ်တပ်ကမီးရှို့ခဲ့တဲ့ လက်ပံတန်းက ကျေးရွာ ၂ ရွာမှ ဒေသခံ ၁,၀၀၀ ကျော် ရွာထဲပြန်မဝင်နိုင်သေး

“ရေငံမှာ စစ်တပ်က မီးရှို့ပြီး တပ်စွဲနေလို့ ရွာသားတွေ ပြန်မဝင်ရသေးဘူး။ အဲလိုပဲ ရေငံနဲ့ တမိုင်လောက်ဝေးတဲ့ အုတ်ဖိုစုက ရွာသားတွေကလည်း စစ်တပ်ကို ကြောက်လို့ ရွာထဲပြန် မဝင်ရဲကြဘူး”

၃ နှစ်ကြာ စစ်ရှောင်နေရသူတွေကို ထိုင်းရောက်မြန်မာတွေက ဆန်ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကာလရှည်စစ်ရှောင်နေရတဲ့ မှန်တောရွာနဲ့ ဆည်တောရွာ စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေးခက်ခဲနေတဲ့အတွက် ရိက္ခာဆန်တွေကို သြဂုတ် ၂၅ ရက်က ထောက်ပံ့ပေးခဲ့တယ်လို့ Lighthouse စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။

လက်ပံတန်းမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာနှစ်ရွာကိုမီးရှို့

"စကစ စစ်ကြောင်းက ပြီးခဲ့တဲ့ရက်က အထိနာထားတော့ အခဲမကျေဘဲ ထပ်ဝင်လာရာကနေ တနေကုန် တိုက်ပွဲဖြစ်တာ။ ညနေလောက်မှာ စကစဘက်က အင်အားထပ်တိုးလာလို့ တော်လှန်ရေးအဖွဲ့တွေဘက်က နောက်ဆုတ်ပေးလိုက်ရတာ။"

ပုလဲမြို့နယ်၊ အင်မထီးရွာမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ ၅,၀၀၀ ခန့် စစ်ရှောင်နေရ

"(စစ်ကောင်စီက)ဗုံးတွေ တလုံးပြီးတလုံး ကြဲချတယ်။ ပြည်သူတွေလည်း ရွာမှာမနေရဲလို့ စစ်ရှောင်နေရတယ်။ လက်နက်ကြီးနဲ့လည်း နေ့ရောညပါ ပစ်တယ်။ ထိခိုက်ပျက်စီးတဲ့ အခြေအနေတော့ မသိရသေးပါဘူး"

စစ်ရှောင်ရာကနေ အိမ်အခြေအနေပြန်ကြည့်တဲ့ အမျိုးသမီး မိုင်းထိလို့သေဆုံး

"အိမ်အခြေအနေ ပြန်ကြည့်မယ်ဆိုပြီး ပြန်သွားရာကနေ ရွာအရောက်မှာ မိုင်းထိသွားတဲ့အခြေအနေပဲ သိရ တယ်။ ရွာတွေထဲမှာ မိုင်းတွေ ထောင်ထားတယ်ဆိုတာ သတင်းရလို့ ရွာသားအချင်းချင်းက မပြန်ကြဖို့ တယောက်နဲ့ တယောက်အသိပေးထားကြတာ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10