သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ရွာသစ်ကျေးရွာရှိ နေအိမ်မီးရှို့ခံထားရတဲ့ ပြည်သူတွေကို သရက်ခရိုင် အမှတ်(၄)တပ်ရင်းမှ ကျပ်သိန်း ၁၂၀ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မှာ သွားရောက်ထောက်ပံ့ခဲ့တာဖြစ်ပြီး “ပြည်သူမှ ပြည်သူ့ထံသို့” ဆိုတဲ့အတိုင်း ပြည်သူထောက်ပံငွေတွေထဲက ကျပ်သိန်း ၁၂၀ ကို သွားရောက် ထောက်ပံ့ခဲ့တာဖြစ်တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက်မှာ စစ်ကောင်စီစစ်ကြောင်းက ရွာသစ်ကျေးရွာရှိ အိမ်ခြေ ၁၀၀ ကျော် အနက် နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
ရွာသစ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်တာ ၄ ကြိမ်၊ ၅ ကြိမ်ခန့်ရှိပြီး အခုတကြိမ်မှာ မီးရှို့ခံရတာဖြစ် ပါတယ်။
ရွာသစ်ကျေးရွာမှာ စစ်ရှောင်ရတဲ့ လူဦးရေ ၄၀၀ နီးပါးရှိပြီး မင်းတုန်းမြို့နယ်ထဲမှာ စစ်ရှောင်ဦးရေ ၂,၀၀၀ ကျော် ရှိနေတယ်လို့လည်း သိရပါတယ်။
နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အဓိက လိုအပ်နေတယ်လို့ သိရှိရပါ တယ်။ သယ်ယူပို့ဆောင်ရေး ဖြတ်တောက်ခံထားရတဲ့အတွက် ဆန် 1 အိတ်ကို ကျပ် ၁၇၀,၀၀၀ အထိ ရှိတယ်လို့လည်း သိရပါတယ်။
“မင်းတုန်းမြို့နယ်က စစ်ကောင်စီရဲ့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်မှုခံထားရတဲ့ အနေအထားပါ။ ဆိုတော့ ဒေသတွင်း စစ်ရှောင်တွေအတွက် ဆေးဝါးတွေ၊ အဝတ်အထည်တွေ၊ ရိက္ခာတွေ ဝယ်ယူရတဲ့အပိုင်းမှာလည်း အခက်အခဲတွေ ရှိနေပါတယ်။” လို့ ကိုမြတ်က ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက်ထဲက စစ်ကောင်စီက မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ပြီး အထိနာခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ - သရက်ခရိုင် အမှတ် ၄ တပ်ရင်း။
သတင်း - မြတ်သော်တာ၊ စာတည်း - JCG
#မြေလတ်အသံ
#မကွေးတိုင်း #သရက်ခရိုင် #မင်းတုန်းမြို့ #ရွာသစ်ကျေးရွာ #မီးရှို့
Share Share Share