သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် မကွေးတိုင်း၊ စလင်းမြို့နယ်ထဲ လမ်းပိုင်း ၂ ခုကို ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ကစပြီး သွားလာခွင့်ကန့်သတ်လိုက်တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ဒီကနေ့ ထုတ်ပြန်လာပါတယ်။
စလင်းမြို့နယ်ထဲက မြေနီကုန်း-ဆည်ကန်မြောင်းဘောင်လမ်းနဲ့ ဂွေးပင်ဇင်-အုန်းတောမြောင်းဘောင်လမ်းတို့ကို ဒီနေ့ကစပြီး နောက်ထပ်ထုတ်ပြန်ချက်တစုံတရာမထုတ်ပြန်ချိန်အထိ သွားလာခွင့်ကန့်သတ်လိုက်တာလို့ ဆိုပါတယ်။
“စစ်ရေးအခြေအနေကြောင့်ဆိုတာက နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ဖို့ ရာခိုင်နှုန်းလည်းများတယ်၊ စစ်ကောင်စီဘက်ကလည်း ဒီလမ်းကနေသုံးပြီး တက်လာနိုင်တဲ့အနေအထားလည်းရှိတယ်၊ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိဘူး၊ ရက်အကန့်အသတ်မရှိ သွားလာခွင့်မပေးတော့တာပါ” လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ JOKER က ပြောပါတယ်။
ဒီထုတ်ပြန်ချက်ထုတ်လိုက်တဲ့အချိန်ကစပြီး အဲ့ဒီလမ်းပိုင်းတွေမှာ ထိခိုက်မှုတစုံတရာဖြစ်လာရင်လည်း နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အခုသွားလာခွင့် ကန့်သတ်လိုက်တဲ့ လမ်းပိုင်းတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့ လင်းဇင်းရဲစခန်းနဲ့လည်းနီးတာကြောင့် အဲ့ဒီလမ်းပိုင်းတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၁၉ ရက်ကစပြီး ကင်းပတ်တာတွေလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်တာကြောင့် လက်ရှိမှာအနီးဝန်းကျင်ရှိ ကျေးရွာ ၄ ရွာက ဒေသခံထောင်ကျော်လည်း ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ JOKER က ပြောပါတယ်။
အလားတူ ဆင်ဖြူကျွန်းမြို့အနီးမှာ တိုက်ပွဲဖြစ်နေတာကြောင့် စလင်းမြို့နယ်ထဲက ဆင်ဖြူကျွန်းလမ်း၊ တညောင်နဲ့ ဆိပ်ဖြူ စတဲ့လမ်းပိုင်း ၃ ခုကိုလည်း ဒီဇင်ဘာ ၂၀ ရက်ကစပြီး မနက် ၆ နာရီကနေ ည ၆ နာရီအတွင်းဖြတ်သန်းသွားလာတာမလုပ်ဖို့ ဒေါင်းစစ်အောင် Local PDF အဖွဲ့ကအသိပေး ထုတ်ပြန်ထားပါတယ်။
ပုံစာ - လမ်းပိုင်းစစ်ဆေးရေးလုပ်နေသည့် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တပ်ဖွဲ့၀င်များ။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #စလင်း #လမ်းပိုင်း #သွားလာခွင့်ပိတ် #စစ်ရေး
Share Share Share