နေရပ်မပြန်နိုင်သေးသည့် စစ်ကိုင်းတိုင်းမှ စစ်ရှောင်များ (Photo News)
စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့၏ တိုက်ပွဲများ၊ စစ်ကောင်စီ တပ်သားများ၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုများကြောင့် သိန်းနှင့်ချီသည့် ဒေသခံများမှာ ၎င်းတို့ပိုင်ဆိုင်သည့် အိုးအိမ်၊ လယ်ယာများကို စွန့်လွှတ်ကာ ဘေးကင်းလုံခြုံမည့်ဒေသသို့ တိမ်းရှောင်နေထိုင်နေရခြင်းဖြစ်သည်။