လမ်းခရီးအခက်အခဲကြားကနေ စစ်ရှောင်တွေဆီ အရောက်သွား‌ ထောက်ပံ့ခဲ့သူတွေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ရှောင်ပြည်သူတွေနဲ့ ကျောင်းသားတွေကို ဇူလိုင်လပထမပတ်အတွင်းက သွားရောက်ထောက်ပံခဲ့တယ်လို့ Lighthouse စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ ဆီက သိရပါတယ်။

စစ်ရှောင်စခန်းရှိရာကို သွားရောက်ဖို့အတွက် မိုးရာသီကာလမှာ လမ်းခရီးဆိုးရွားခက်ခဲပေမယ့်လည်း စားနပ်ရိက္ခာအတွက်အရေးကြီးတဲ့ ဆန်တင်း ၉၀ ကို ရောက်အောင်ပို့ဆောင်ခဲ့တယ်လို့ ထောက်ပံ့ရေးအဖွဲ့တာဝန်ခံ ကိုသူရိန် က ပြောပါတယ်။

ဒါအပြင် စစ်ရှောင်ကလေးငယ်တွေ စာကျောင်းတကျောင်းက ကျောင်းသား/သူ ၁၆၀ ကျော်နဲ့ အင်ကျွန်းစစ်ရှောင်စခန်းမှာရှိတဲ့ ကလေးငယ် ၆၀ ကျော်ကို မုန့်နဲ့အချိုရည်တွေ ကျွေးမွေးခဲ့သေးတယ်လို့ ပြောပါတယ်။

အလားတူ ဇူလိုင် ၄ ရက်ကလည်း စစ်ရှောင်ဦးရေ ၄၀၀ ခန့်ရှိတဲ့ တင်သားရွာက အိမ်ထောင်စု ၁၀၄ စုအတွက် အိမ်ထောင်စု ၁ စုကို ဆန် ၈ ပြည်နှုန်းနဲ့ စုစုပေါင်းဆန် ၈၃၂ ပြည်(၅၂ တင်း)ကို မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတင်သားရွာဟာ စစ်တပ်အထိုင်စခန်းနဲ့နီးတဲ့အတွက် စစ်ကြောင်းဝင်တာ၊ လက်နက်ကြီးပစ်တာကြောင့် ထိခိုက်သေဆုံးသူများရှိသလို မကြာခဏစစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင် ၆ ရက်ကလည်း အောင်မင်္ဂလာရွာက စစ်ရှောင် အိမ်ထောင်စု ၉၁ စုအတွက် အိမ်ထောင်စု ၁ စုကို ဆန် ၈ ပြည်နှုန်းနဲ့ စုစုပေါင်း ဆန် ၇၂၈ ပြည် (၄၅ တင်း)ကိုလည်း အလှူရှင်တွေကိုယ်စား ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ရှောင်ပြည်သူ #ရိက္ခာထောက်ပံ့ #Lighthouse 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10