စစ်ရှောင်

ဆောနယ်ထဲက စစ်ရှောင်အမျိုးသမီးတွေကို လစဉ်သုံးပစ္စည်းတွေ ထောက်ပံ့ (ရုပ်/သံ)

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေကို ဇူလိုင် ၂ ရက်မှာ အာဟာရဒါနကျွေးမွေးခဲ့ပြီး အမျိုးသမီးလစဥ်သုံးပစ္စည်းတွေပါ ထောက်ပံ့ပေးခဲ့တယ်လို့ Yu&Tulip Foundation အဖွဲ့ဆီက သိရပါတယ်။

ဘန့်ပြင်ရွာမှာ စစ်တပ်က အင်အားရာကျော်နဲ့တပ်စွဲနေလို့ ဒေသခံ ၃၀၀ ကျော်ထွက်ပြေးနေရ

“အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိတယ်၊ အခု ကြောက်လို့ ရွာပြင်ထွက်နေရတာတွေလည်း ရှိတယ်၊ ရွာထဲမှာက လူငယ်တွေ မရှိတော့ဘူး၊ ထွက်ပြေးတိမ်းရှောင်နေကြရတာ၊ ရွာထဲမှာက သက်ကြီးရွယ်အိုပဲကျန်ခဲ့တာ”

စစ်ရှောင်အိမ်ထောင်စု ၁၆၀ ကို ကောလင်း ပြည်သူမှပြည်သူသို့ အဖွဲ့က နေကြာဆီ ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြိုအနောက်ခြမ်း တောတောင်ထဲမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၁၆၀ ကို ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့က နေကြာဆီတွေ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

တန့်ဆည်မှာ စစ်ရှောင်တွေကို CAF တပ်ဖွဲ့က အဝတ်အထည် ၅၀၀ ကျော် ပေးဝေ

တန့်ဆည်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးတာကြောင့် စစ်ရှောင်နေရတဲ့ ဗျက်ကြီးကျေးရွာက အိမ်ထောင်စု ၁၀၁ စုအတွက် ပြည်သူတွေလှူဒါန်းထားတဲ့ အဝတ်အထည်တွေကို Civil Armed Force - CAF အဖွဲ့က သွားရောက်လှူဒါန်းခဲ့ပြီး အားပေးစကားတွေ ပြောဆိုခဲ့ကြတယ်လို့ Civil Armed Force - CAF တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

စစ်ရှောင်ပြည်သူ ၁၅၀ ကို ကျပ် ၁၀ သိန်းဖိုး ဆေးကုသပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျွန်းဦးတောကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူ ၁၅၀ ဦးကို ဇွန် ၂၄ ရက်မှာ ကျပ် ၁၀ သိန်းဖိုး ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ စားနပ်ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့နယ်က စစ်ဘေးရှောင် မိသားစု ၂၀၀ အတွက် စားနပ်ရိက္ခာ ကျပ်သိန်း ၁၀၀ ဖိုး ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ဇွန် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နေရပ်မပြန်နိုင်သေးသည့် စစ်ကိုင်းတိုင်းမှ စစ်ရှောင်များ (Photo News)

စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့၏ တိုက်ပွဲများ၊ စစ်ကောင်စီ တပ်သားများ၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုများကြောင့် သိန်းနှင့်ချီသည့် ဒေသခံများမှာ ၎င်းတို့ပိုင်ဆိုင်သည့် အိုးအိမ်၊ လယ်ယာများကို စွန့်လွှတ်ကာ ဘေးကင်းလုံခြုံမည့်ဒေသသို့ တိမ်းရှောင်နေထိုင်နေရခြင်းဖြစ်သည်။

ကလေးနယ်မှာ ၃ နှစ်ကျော် စစ်ရှောင်နေရတဲ့ပြည်သူတွေကို ဆန်တင်း ၁၀၀ ကျော်ထောက်ပံ့ (ရုပ်/သံ)

" ရွာလုံးကျွတ် မီးရှို့ခံရတဲ့ရွာပါ။ အလုပ်အကိုင်လည်း ကြုံရာလုပ်ရပါတယ်။ ဝင်ငွေနဲ့ထွက်ငွေ မမျှကြပါဘူး။ စားဝတ်နေရေး ခက်ခဲနေကြပါတယ်"

စားဝတ်နေရေးခက်ခဲတဲ့ မီးဘေးသင့်စစ်ရှောင်တွေကို ကျပ်သိန်းပေါင်း ၁,၆၀၀ ကျော်ထောက်ပံ့

"ရွာလုံးကျွတ်မီးရှို့ခံထားရတဲ့ ရွာတွေလည်းရှိတယ်။ စစ်ကြောင်းဝင်တာ တိုက်ပွဲဖြစ်နေတာတွေနဲ့ နေရပ် မပြန်နိုင်သေးပါဘူး။ ကြုံရာအလုပ်တွေ လုပ်ကိုင်စားရတယ်။ အရမ်းကို ခက်ခဲတဲ့ စစ်ရှောင်တွေကို ထောက်ပံ့ပေးခဲ့တာပါ"

စပါးပေါင်းသတ်ဆေးသောက်လိုက်တဲ့ စစ်ရှောင်ကလေး ၁ဦး အရေးပေါ်ဆေးရုံတင်ထားရ

" (ပိုးသတ်ဆေးကို) ရေသောက်သလို သောက်ပစ်တာ။ ဘာစိတ်ညစ်စရာရှိနေလဲတော့မသိဘူး။ ကလေးတွေက စစ်ရှောင်နေရတာကြတော့ စိတ်ဒဏ်ရာရှိနေပုံရတယ်။ ကျောင်းပိတ်လို့ အိမ်ခဏပြန်ချိန်မှာ လုပ်လိုက်တာ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10