စစ်ဘေးရှောင်တွေကို စားဝတ်နေရေးနဲ့ ဝင်ငွေရဖို့ ခြင်းရက်နည်းသင်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေကို ကောလင်း ပြည်သူမှပြည်သူသို့အဖွဲ့က ခြင်းရက်နည်းသင်တန်း ပေးနေတာပါ။

စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေဖို့နဲ့ တဖက်တလမ်းကနေ ဝင်‌ငွေရဖို့အတွက် ရည်ရွယ်ပြီး တာဘိုစစ်ရှောင်စခန်းနဲ့ YC စစ်ရှောင်စခန်းတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ခြင်းရက်တတ်အောင် သင်ပေးတာလို့ ကောလင်း ပြည်သူမှပြည်သူသို့အဖွဲ့က ဆိုပါတယ်။ ခြင်းရက်သင်တန်းကိုတော့ စက်တင်ဘာ ၂ ရက်ကနေ ၈ ရက်အထိ သင်ပေးခဲ့တာပါ။

ခြင်းရက်ပညာကိုတတ်သွားပြီး ကိုယ်ပိုင် ရက်လုပ်ဖို့ အရင်းအနှီး မရှိသေးတဲ့ စစ်ဘေးရှောင်တွေကို လုပ်ငန်းအဆင်ပြေဖို့ အဖွဲ့က စီစဉ်ဆောင်ရွက်တာကြောင့် တချို့စစ်ရှောင်တွေ ရက်လုပ်တဲ့ ခြင်းတောင်းတွေဟာ ဈေးကွက်ထဲအထိ ရောင်းချနေပြီလို့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။ 

ခြင်းရက်သင်တန်း‌မှာ ထမင်းချိုင့်ထည့်လို့ရတဲ့ ခြင်းအသေးနဲ့ လေးထောင့်ခြင်းအကြီး ဆိုပြီး အရွယ်အစား ၂ မျိုးကို သင်ပေးခဲ့ပြီး လက်ရှိဈေးကွက်ထဲမှာ ခြင်း အကြီးက ၇၀၀၀ ကျပ်ဝန်းကျင်၊ ခြင်းအသေး ၃၅၀၀ ကျပ်၊ လေးထောင့်ခြင်းအသေးက ၄၀၀၀ ကျပ် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ 

ခြင်းရက်ရာမှ အသုံးပြုတဲ့ ပလက်စတစ်ကြိုးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ဝယ်ယူဖို့ကိုတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ ကုန်ကြမ်းပြတ်ရင် ပြန်ဝယ်ဖို့ အခက်အခဲတွေ ရှိတယ်လို့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။

တည်းဖြတ် -ငြိမ်းဇော်

#မြေလတ်အသံ

#ကောလင်း #စစ်ဘေးရှောင် #စားဝတ်နေရေး #ဝင်ငွေရရှိရေး #ခြင်းရက်သင်တန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10