"မင်းအောင်လှိုင်ကိုတော့ ဒီတသက် မကျေနပ်ဘူး၊ ရှေးတသက်လည်း မကျေနပ်ဘူး " (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ဒေသအခေါ် သုံးရွာတန်းလို့ခေါ်တဲ့ ဂျပို့၊ ပေါက်သင့်တုံနဲ့ စည်ပုတ္တရာရွာတွေက နေအိမ် ၁၅၀ ကျော်ကို ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးစစ်ကြောင်းက စက်တင်ဘာ ၉ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်ထဲက ပျူစောထီးအားကောင်းတဲ့ မဒေါင်းလှရွာ တိုက်ခိုက်ခံရပြီးနောက်မှာ အဲဒီပျူစစ်ကြောင်းက သုံးရွာတန်းကနေအိမ်တွေကို ဝင်ရောက်မီးရှို့ခဲ့တာပါ။

အခုလိုမီးရှို့မှုကြောင့် သုံးရွာတန်းက အသက်ကြီးပိုင်းတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်အပါအဝင် အများစုဟာ ရွာကိုစွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။

မီးရှို့ခံရတဲ့အထဲမှာ သုံးရွာတန်းမှာနေထိုင်တဲ့ အသက် ၇၀ အရွယ်အဖွားအိုရဲ့နေအိမ်လည်း ပါဝင်ပါတယ်။

ဦးဝါသဝရဲ့ပျူစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားတာကြောင့် ရွာအတွင်းက နေအိမ်ကြီးငယ်အားလုံးမီးလောင်ပြာကျခဲ့ရပြီး  ပြည်သူတွေဟာ စစ်ကြောင်းနဲ့ဝေးရာ လယ်တောတွေ၊ သစ်ပင်အောက်တွေမှာ ဖြစ်သလိုနေနေကြရတယ်လို့ သုံးရွာတန်းမှာနေထိုင်တဲ့ အသက် ၇၀ အရွယ် စစ်ရှောင်အဖွားအိုက ပြောပါတယ်။

ဒါ့အပြင် ယခင်ကလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ ပျူစစ်ကြောင်းတွေက သုံးရွာတန်းအတွင်းကို ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်လေ့ရှိတယ်လို့လည်း​ ဆိုပါတယ်။

သတင်း - အမရာ၊ တည်းဖြတ် - HP

#မြေလတ်ရုပ်သံ 

#ခင်ဦးမြို  #စစ်ရှောင် #reels #youtubeshort #news 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10