စစ်ရှောင် ဆင်ထိန်းမိသားစုနဲ့ ဆင်များကို PLA တပ်ရင်းက စောင့်ရှောက်ထား (ရုပ်/သံ)

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် သစ်တောဝန်ကြီးဌာန၊ သစ်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆင်တွေအပါ၊ ဆင်အုပ်၊ ဆင်ထိန်းနဲ့ သူတို့ရဲ့မိသားစုတွေ ဘေးကင်းရာဒေသကို စစ်ရှောင်လာကြတယ်လို့ ပြည်သူ့လွတ်မြောက် ရေးတပ်မတော် People Liberation Army- PLA ဆီက သိရပါတယ်။

PLA တပ်ရင်း စစ်ရေးလှုပ်ရှားနေတဲ့ နယ်မြေအတွင်းရှိ တောတောင်အတွင်း ဇူလိုင် ၁၀ ရက်နေ့က စတင်စစ်ရှောင််လာတာဖြစ်ပြီး PLA ၂၂၂ တပ်ရင်းက ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

PLA စစ်နယ်မြေအတွင်းမှာ ယခင်က ဆင်ဝိုင်း ၁၀ ဝိုင်းရှိပြီး ယခု ဆင်ဝိုင်း ၁၁ ဝိုင်းထပ်မံတိုးပွားလာရာ စုစုပေါင်း ဆင်ဝိုင်း ၂၁ ဝိုင်းက စဉ့်ကူးမြို့နယ်ကနေ မိုးကုတ်-သပိတ်ကျင်းမြို့နယ်ကြားကို ပြောင်းရွှေ့လာကြတယ်လို့ PLA တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော် နီနီကျော် က ပြောပါတယ်။

အခုလို စစ်ဘေးလွတ်မြောက်ရာအရပ်ကို ပြောင်းရွှေ့လာတဲ့ ဆင်ဝိုင်း ၂၁ ဝိုင်းမှာ ဆင်အကောင်ရေစုစုပေါင်း ၁၃၈ ကောင် ပါရှိတယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီဆင်တွေကိုလည်း ပြည်သူပိုင်ရတနာအဖြစ် PLA တပ်ဖွဲ့က ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမှာဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနကို လွှဲပြောင်းပေးအပ်သွားမယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မန္တလေး #ဆင်ထိန်းမိသားစု #ဆင်များ #စစ်ရှောင် #PLA တပ်ရင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10