ဦးဝါသဝစစ်ကြောင်း မီးရှို့သွားတဲ့ ခင်ဦးနယ်က စစ်ရှောင်တွေ အရေးပေါ် အကူအညီလိုအပ်နေ (ရုပ်/သံ)

ခင်ဦးမြို့နယ်၊ သုံးရွာတန်းက စစ်ရှောင်ပြည်သူတွေဟာ နေအိမ်တွေမီးရှို့ခံရပြီး ရွှေ့ပြောင်းနေထိုင်နေရကာ ကိုယ်ဝန်သည်မိခင်တွေနဲ့ ကလေးငယ်တွေအပါအဝင် အများစုဟာ ဆေးဝါးနဲ့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခင်ဦးမြို့နယ်ထဲက မဒေါင်းလှပျူရွာတိုက်ခိုက်ခံရပြီးနောက် ဦးဝါသဝရဲ့ ပျူစောထီးစစ်ကြောင်းဟာ အနီးနားကျေးရွာတွေကို ဝင်ရောက်မီးရှို့ခဲ့ပြီး စက်တင်ဘာ ၉ ရက်က သုံးရွာတန်းဖြစ်တဲ့ ဂျပို့၊ ပေါက်သင့်တုံနဲ့ စည်ပုတ္တရာကျေးရွာတို့က နေအိမ် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားသေးတယ်လို့ သိရပါတယ်။

မီးလိုက်ရှို့နေတဲ့ စစ်ကြောင်းဟာ မဒေါင်းလှကျေးရွာထဲကို ပြန်မဝင်သေးဘဲ အနီးနားကျေးရွာတွေထဲရှိနေသေးတာမို့ အဲဒီကျေးရွာကဒေသခံတွေဟာ နေအိမ်ကိုမပြန်ရဲဘဲ လယ်တောတွေထဲမှာ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

အဲဒီဒေသခံတွေထဲမှာ ကလေးငယ်တွေအပါအဝင် မွေးဖွားကာနီး ကိုယ်ဝန်သည်တွေလည်း ပါတယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်၊ မဒေါင်းလှပျူစောထီးရွာ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်နဲ့ ဦးဝါသဝပျူစောထီးစစ်ကြောင်း အင်အား ၁၇၀ လောက်က ခင်ဦးမြို့နယ် မြောက်ခြမ်းက ကျေးရွာတွေကို ဝင်ရောက်မီးရှို့နေလို့ ဒီနေ့အထိ ကျေးရွာပေါင်း၂၀လောက် ရှောင်တိမ်းနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

သတင်း - အမရာ၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ခင်ဦးမြို  #စစ်ရှောင် #ဆေးဝါး #အသုံးဆောင် #စားစရာ #လိုအပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10