မြိုင်နယ်က စစ်ရှောင် ၃၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေး

မြိုင်နယ်က စစ်ရှောင် ၃၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတရွာမှာစစ်ရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူ ၃၀၀ ကျော်ကို စက်တင်ဘာ ၅ ရက်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG အဖွဲ့ဆီက သိရပါတယ်။ 

ဆေးကုသမူပေးရာမှာ ကလေးသူငယ်တွေမှာဖျားနာသူများပြီး သက်ကြီးရွယ်အိုတွေမှာတော့ ဆီချိုသွေးချို ရောဂါအဖြစ်များနေတာကို တွေ့ရတယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ MRG ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခုဆေးဝါးစောင့်ရှောက်မှုပေးခဲ့တဲ့ကျေးရွာမှာ မြိုင်မြို့နယ်ရှိ အခြားကျေးရွာတွေက ဒေသခံတွေ လာရောက်တိမ်းရှောင်နေကြကာ စုစုပေါင်းလူဦးရေ ၄၀၀ ဝန်းကျင်ရှိနေတယ်လို့ ဆိုပါတယ်။  

မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ဟာ မြိုင်မြို့နယ်အတွင်းက ကျေးရွာ ၅ ရွာကို ၁ လ ၁ ကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာ အခုဆိုရင် ၂ နှစ်ဝန်းကျင်လောက်ရှိပြီလို့လည်း သိရပါတယ်။ 

#မြေလတ်အသံ

#မကွေး #မြိုင် #ဆေးကုသ #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10