ကောလင်းအနောက်ခြမ်းက အိမ်ထောင်စု ၁၅၀ ကို အခြေခံစားသောက်ကုန်တွေ လှူဒါန်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းက စစ်ဘေးရှောင်အိမ်ထောင်စု ၁၅၀ ကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့တယ်လို့ ကောလင်း ပြည်သူမှပြည်သူသို့ အဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁ ရက် မနက် ၈ နာရီခွဲက အိမ်ထောင်စု ၁၅၀ စုကို ၁ အိမ်ထောင်လျှင် ကြက်သွန် ၅၀ သား ၊ ဆား ၁ ပိဿာ၊ ကြာဇံ ၁ ထုပ်၊ မြေပဲနို့ဆီဗူး ၁ ဗူး၊ လက်ဖက် ၂ ထုပ် လှူဒါန်းခဲ့တယ်လို့ ကောလင်း ပြည်သူမှပြည်သူသို့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။ 

လက်ရှိမှာတော့ အဲဒီဒေသမှာ လမ်းခရီးခက်ခဲတာ၊ ရေလမ်းခရီးကသွားရတာနဲ့ အဆင့်ဆင့် သယ်ယူရတာတွေကြောင့် ကုန်ကျစရိတ်ပိုမိုများပြားပြီး ကုန်စျေးနှုန်းကြီးမြင့်တာတွေကလည်း စစ်ရှောင်တွေအတွက် ပိုပြီး အကျပ်အတည်းဖြစ်စေတယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် စစ်ဘေးရှောင်တွေမှာ ပြီးခဲ့တဲ့လကစပြီး တုပ်ကွေးဖြစ်ပွားနေပြီး နီးစပ်ရာဆေးခန်းတွေမှာ ကုသနေရပေမယ့် လမ်းခရီးအခက်ခဲကြောင့် ဆေးပြတ်လပ်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ကောလင်းအရှေ့ဘက်ခြမ်းမှာ စစ်ဘေးရှောင် ၂ သောင်းကျော်နဲ့ အနောက်ခြမ်းမှာလည်း ၂ သောင်းကျော် စုစုပေါင်း ၅ သောင်းဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #စစ်ဘေးရှောင် #ထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10