စစ်ရှောင်စခန်းက ကလေးငယ် ၆၆ ယောက်အတွက် မိုးကာအင်္ကျီနဲ့ ဆေးဝါးအချို့ထောက်ပံ့

စစ်ရှောင်စခန်းက ကလေးငယ် ၆၆ ယောက်အတွက် မိုးကာအင်္ကျီနဲ့ ဆေးဝါးအချို့ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်စစ်ရှောင်စခန်းတခုက ကလေးငယ် ၆၆ ယောက်အတွက် မိုးကာအင်္ကျီနဲ့ ဆေးဝါးအချို့ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က စက်တင်ဘာ ၃ ရက်မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ပုလဲမြို့နယ်အတွင်းမှာ ၂ နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရတဲ့ စစ်ရှောင်စခန်းတခုက ကျောင်းတက်နေတဲ့ ကလေးတွေကို သွားပြီးထောက်ပံ့ပေးခဲ့တာလို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာ KG ကနေ G7 အထိ ကျောင်းသားကျောင်းသူ ၆၆ ဦး ပညာသင်ကြားနေကြတာပါ။ မိုးကာအင်္ကျီက ၆ သိန်းကျော်ဖိုး ဆေးဝါးအစုံအတွက်ကတော့ ၈ သိန်း ၇ သောင်းကျပ်ဖိုး စုစုပေါင်း ၁,၄၇၀,၀၀၀ ကျော်ဖိုး ထောက်ပံ့ပေးခဲ့တယ်လို သိရပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #စစ်ရှောင် #ဆေးဝါး #မိုးကာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10