သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲက စစ်ဘေးရှောင် ၁၅၀ ကျော်ဟာ ဧရာဝတီမြစ်ဘေး သဲသောင်ခုံပေါ်မှာ ယာယီတဲထိုးကာ စစ်ရှောင်နေရတာ ၃ လနီးပါးရှိနေပါပြီ။
ပြီးခဲ့တဲ့ သြဂုတ်လ ပထမအပတ်မှာ မြင်းခြံမြို့နယ်၊ ဆုံရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးဝင်လာလို့ ငါန်းဇွန်မြို့နယ်ထဲက ရပ်ကွက်နဲ့ ရွာတွေက လူဦးရေ စုစုပေါင်း ၁,၇၀၀ ကျော်လောက် စစ်ဘေးရှောင်ခဲ့ရတာပါ။
စစ်ရှောင် ၁,၇၀၀ ကျော်လောက်ထဲမှာ အများစုက ရွှေပေါက်ပင်အောက်ကျွန်းလိုခေါ်တဲ့ ကျွန်းပေါ်မှာနေထိုင်နေကြပြီး ငါန်းမြာကြီးနဲ့ မိုးထောင်အုပ်စုထဲပါတဲ့ သဖန်းသာကျေးရွာက စစ်ရှောင် ၁၅၀ ကျော်လောက်ကတော့ ဧရာဝတီမြစ်ရဲ့သောင်ခုံပေါ်တွေမှာ ယာယီတဲထိုးနေထိုင်နေကြတာ ဖြစ်ပါတယ်။
စစ်ကြောင်းထိုးလာလို့ အဝတ်တတည်ကိုယ်တခုနဲ့ ထွက်ပြေးလာခဲ့ရတဲ့ စစ်ဘေးရှောင်တွေထဲက သဲသောင်ခုံပေါ် ယာယီတဲထိုးနေကြတဲ့ လူဦးရေ ၁၅၀ ကျော်မှာ စားနပ်ရိက္ခာအပြင် အမိုးအကာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေကြပါတယ်။
စစ်ရှောင်ကာလ ၃လနီးပါးအတွင်းမှာ လူငယ်တွေကတော့ တောင်ယာလုပ်ငန်းအငှားလိုက်ပြီး မြစ်အတွင်းတံငါအလုပ် လုပ်ကိုင် စားသောက်နေခဲ့ကြတာလို့ ဆိုပါတယ်။
သဲသောင်ခုံပေါ်မှာ စစ်ရှောင်နေတဲ့ကာလအတွင်းမှာ အသက် ၇၀ နဲ့ ၉၀ ကြား သက်ကြီးပိုင်း ၁၂ ဦး အအေးမိပြီး သေဆုံးခဲ့ရဖူးတယ်လို့ ပြောပါတယ်။
စစ်ဘေးရှောင်နေရတဲ့ ၃ လနီးပါးအတွင်းမှာ ဆေးဝါးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့သူတွေ ၂ ကြိမ် လာရောက်ကူညီပေးဖူးတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေက နေရပ်ပြန်ချင်နေကြပေမယ့် ရွာတွေကို ဖြတ်ပြန်ရမယ့် ငါန်းမြာကြီးတိုက်နယ်ဆေးရုံမှာ စစ်ကောင်စီက အထိုင်ချတပ်စွဲထားပြီး ကင်းပတ်တာတွေရှိလို့ မပြန်ရဲသူတွေရှိသလို ရွာနားပြန်ကပ်ရင် ပစ်ခတ်တာတွေလည်းရှိလို့ အခုအချိန်အထိ နေရပ်မပြန်နိုင်ကြသေးတာလို့ ဆိုပါတယ်။
စာတည်း - ဈာန်မြင့်၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ငါန်းဇွန် #ဧရာဝတီမြစ် #သဲသောင်ခုံ #စစ်ရှောင်
Share Share Share