စစ်ရှောင်

စစ်တပ်စစ်ကြောင်း ၂ ခု ဝက်လက်နယ်မှာ ချေမှုန်းမခံရခင် လူနေအိမ် ၃၂ လုံးကို ဖျက်ဆီးခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းက စစ်ကြောင်းနဲ့ တပ်မ ၃၃ လက်အောက်ခံစစ်ကြောင်း ဝက်လက်မြို့နယ်မှာ ပိတ်ဆို့တိုက်ခိုက်ခြင်းမခံရခင်က ဝက်လက်မြို့နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းကကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်စစ်ကြောင်း ၂ ခု ဝက်လက်နယ်မှာ ချေမှုန်းမခံရခင် လူနေအိမ် ၃၂ လုံးကို ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းက စစ်ကြောင်းနဲ့ တပ်မ ၃၃ လက်အောက်ခံစစ်ကြောင်း ဝက်လက်မြို့နယ်မှာ ပိတ်ဆို့တိုက်ခိုက်ခြင်းမခံရခင်က ဝက်လက်မြို့နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းကကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ငဖဲကစစ်ရှောင်တွေကို ၉ လအတွင်း ကျပ်သိန်း ၂,၆၀၀ ကျော်ထောက်ပံ့ခဲ့

"မိသားစုလူဦးရေ အနည်းအများအလိုက် ရတဲ့ငွေပမာဏကွာခြားတာမျိုး ရှိပါတယ်။ နောက်ပိုင်း ထောက်ပံ့တဲ့ငွေများတာမျိုးလည်း ရှိတယ်။"

စစ်ရေးတင်းမာနေတဲ့ စလင်းမြို့ပေါ်ကို စစ်ကောင်စီတပ်က အင်အားဖြည့်ကာကွယ်နေ

"သူတို့ဘက်က အင်အားဖြည့်လာတာရှိတယ်။ အဓိက မြင်တာက ၈၈ တို့ ၁၀၁ တို့ ပါတယ်ပြောတယ်။ မနေ့က အင်အားဖြည့်တဲ့အထဲမှာ ပျူစောထီးတွေလည်းပါတယ်လို့ သိရတယ်။ ပျုစောထီးကတော့ဘယ်ရွာကဆိုတာ မသိရဘူး။ ကင်းပုန်းတွေ ယူတယ်။ မြို့ထဲဆိုရင်တော့ ကင်းပတ် ပတ်တာလောက်ရှိမယ်။"

ရေဦးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အမျိုးသမီးတွေကိုပါပေါ်တာဆွဲလို့ မြို့တဝက်ကျော် တိမ်းရှောင်နေရ

"မြို့ခံတွေ အကုန်နီးပါး အိမ်ထောင်စုတွေအလိုက်ကို လွတ်ရာရှောင်နေကြတာ။ မြို့ပေါ်ရပ်ကွက်တိုင်းလိုလို ပြည်သူမရှိတော့သလောက်အထိ ဖြစ်နေတယ်လို့ သိရတယ်။ ပြည်သူမရှိတဲ့ နေအိမ်က ပိုများတယ်။"

ရွှေစက်တော်အနီး စစ်ကောင်စီတပ်လာစွဲနေလို့ ဒေသခံထောင်ကျော် ထွက်ပြေးနေရ ■ တိုက်ပွဲတွေဖြစ်လာနိုင်လို့ ပြည်သူတွေ ဘုရားအနီး မသွားကြဖို့ PDF သတိပေး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်က လာရောက်အထိုင်ချတပ်စွဲထားတာကြောင့် ပြည်သူတွေအနေနဲ့ ဘုရားအနီးသွားလာခြင်း မပြုဖို့ မင်းဘူးခရိုင် တပ်ရင်း ၆ က ဇန်နဝါရီ ၇ ရက် ဒီနေ့ ရက်စွဲနဲ့ မေတ္တာရပ်ခံ အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။

ယင်းမာပင်မြို့အနီးက မြို့သစ်ရွာကို စစ်ကောင်စီမီးရှို့

"တောထဲကနေ မတ်တပ်ကြီးကြည့် ငေးပြီး အော်နေရတာပဲ၊ ဘာမှ မတတ်နိုင်ကြတော့ဘူး။ အိမ်ကတော့ ဆန်အိတ် ၃ လုံးနဲ့ နွားစာတဲပဲ ပါသွားတာ၊ တခြားပစ္စည်းတွေတော့ ပါတာပေါ့။ ဟိုဖက်အိမ်ကတော့ အကုန်ပါတာ။ ထွန်စက် ၁စီး၊ နွားစာစဉ်းစက် ၁ ခု၊ ဆိုင်ကယ် ၁ စီး၊ စက်ဘီး ၂ စီး အကုန်လောင်သွားတယ်။”

ကံမရွာက နေအိမ် ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမီးရှို့ ■ ကိုယ်ဝန်ဆောင်နဲ့ ရက်သားအရွယ်ကလေးငယ်အပါ ဖမ်းဆီခံရသူတွေလည်း ပြန်မလွတ်သေး

“ကလေးမွေးထားတာက ၁၄ ရက်လောက်ပဲရှိသေးတဲ့ အမျိုးသမီး ၁ ယောက်လည်းပါသွားတယ်။ မွေးခါနီးဗိုက်ကြီးသည်က ၁ ယောက်၊ ကုတင်ပေါ်မှာမဆင်းနိုင်တဲ့ အဖွား ၁ ယောက်ကိုလည်း ပွေ့ခေါ်သွားပြီးတော့ ကားပေါ်တင်သွားတာ။ ၉၀ ကျော်အဖိုးကြီးလည်းပါတယ်။ ယောကျာ်းလေးကို ဖမ်းသွားတာ၊ ဖမ်းပြီးတော့ အဲ့လူကိုပါးတွေနားတွေရိုက်တယ်။”

ဝက်လက်မှာ စစ်ကြောင်းထိုးတိုက်ပွဲဖြစ်နေလို့ ဒေသခံ ၅,၀၀၀ ကျော် တိမ်းရှောင်နေရ

"လယ်ကိုင်း(မှာစခန်းချ) အိပ်တဲ့စစ်ကြောင်းက မှတ်ထိရွာကို ဒီမနက်ရောက်ပြီး တိုက်ပွဲဖြစ်နေတယ်။ အုန်းနဲဘုတ် ဝင်တဲ့စစ်ကြောင်းကတော့ အဲ့ရွာမှာရှိနေတယ်။ စစ်ကြောင်းတွေဝင်လာတော့ ညတွင်းချင်း ပြေးရတာတွေရှိတယ်။ "

ရေတာရှည်မှာ တိုက်ပွဲပြင်းထန်နေပြီး PDF တပ်ဖွဲ့ဝင် ၆ ဦးနဲ့ အရပ်သား ၇ ဦး ကျဆုံး

"တပ်ဖွဲ့ဝင်က မနေ့က ချောင်ပိတ်ခံလိုက်ရတာက ၆ ဦးလောက်ရှိတယ်။ ကျဆုံးက ကျနော်တို့ ဒီဘက်နယ်က PDF၊ EAO ၃ ယောက်ပဲရှိတယ်။ အဲ့ဒါကိုမှ ပြည်သူတွေသေတဲ့ဟာကိုပါ ဒီကောင်တွေပစ်သတ်ပြီး တင်ထားတာ။ ဒီကောင်တွေစစ်ကြောင်းဝင်လာတာမှာ ကျနော်တို့ကင်းတွေ ပေါက်သွားတာ။"

ပုလဲမြို့နယ်ရှိ စစ်ရှောင် ၂၅၀ အတွက် ထောက်ပံ့ပစ္စည်းတွေ ကူညီပေးခဲ့

အလှူရှင်တွေက လှူဒါန်းထားတဲ့ငွေနဲ့ မြို့နယ်လူသားစာနာအဖွဲ့ရဲ့ ရံပုံငွေ စုစုပေါင်းကျပ် ၇၃ သိန်း၊ အဝတ်အထည်၊ အနွေးထည်၊ ခြုံစောင်၊ ဆန် ၊ ဆီ နဲ့ ကလေးငယ်တွေအတွက် ပညာရေးသင်ထောက်ကူပစ္စည်း စတဲ့စုစုပေါင်း ငွေကျပ် ၁၃၅ သိန်းခန့်တန်ဖိုးရှိ ကူညီထောက်ပံ့မှုတွေ ပေးအပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဇီးကုန်း-မလည်လမ်းဆုံမှာ စစ်တပ်က ၂ ရက်ဆက်မီးရှို့လို့ နေအိမ် ၂၀ ဝန်းကျင်ပျက်စီး

“မနက်ခင်းဆို သူတို့လာတယ်။ ညနေခင်းဆိုရင် သူတို့ပြန်တယ်။ သူတို့က ပြည်သူပိုင်ပစ္စည်းတွေ အကုန်ယူတယ်၊ အကုန်လုံးအိမ်တွေလည်း ဖောက်ယူတယ်။ အိမ်တွေမီးရှို့တယ်။ အဲဒီလမ်းပေါ်က နေသွားလာနေတဲ့ကားတွေကိုလည်း တားပြီးတော့ ငွေတောင်းတယ်။ မကောင်းတဲ့လုပ်ငန်းမှန်သမျှ အကုန်လုပ်ပြီး ညနေစောင်းဆိုပြန်တယ်။”

စစ်ကောင်စီစစ်ကြောင်း မရှိတော့လို့ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ဝင် (ရုပ်/သံ)

ရိက္ခာလာပို့တဲ့ စစ်ကြောင်းက အခုနှစ် ဇန်နဝါရီ ၂ ရက် ဒီမနက်ပိုင်းမှာ ပခုက္ကူတပ်မ ၁၀၁ ကို ပြန်ဆုတ်သွားပြီးလို့ သိရတဲ့အတွက် စစ်ရှောင်ပြည်သူတွေ အသီးသီး ဒီနေ့မနက်ပိုင်းကတည်းက နေရပ်ကိုပြန်ဝင်နေကြတာဖြစ်ပါတယ်။

လူမနေတဲ့ရွာထဲမှာ တောဝက်တွေအသိုက်ဆောက်ပြီး စစ်ရှောင်တွေရဲ့ ယာခင်းတွေကို ဖျက်ဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်က လူမနေတော့တဲ့ ဇီးတောရွာနဲ့ တောင်ဘက်ကြီးရွာတွေထဲမှာ တောဝက်တွေ အသိုက်ဆောက်နေထိုင်ကြပြီး စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ ယာခင်းတွေကို ဖျက်ဆီးနေတာကြောင့် စစ်ရှောင်တွေ အခက်တွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဘုတလင်နယ်က ရွာတွေမှာ စစ်ကြောင်းထိုး ရိက္ခာစုဆောင်းပြီးနောက် ဖမ်းထားတဲ့အမျိုးသမီးတချို့ကို စစ်တပ် ပြန်လွှတ်ပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကြောင်းထိုး ရိက္ခာစုဆောင်းပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ဖမ်းဆီးထားတဲ့ ပြည်သူတွေထဲမှ အမျိုးသမီးတချို့ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10