သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေလွှဲကျေးရွာနဲ့ ပိန္နဲပင်ဆိပ်ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်သေဆုံးမှုရှိကာ တိုက်ပွဲအတွင်း အရပ်သားတွေလည်း ထိခိုက်သေဆုံးတယ်လို့ မြေပြင်တိုက်ခိုက်ရေးပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁ ရက်မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ဟာ ရေလွှဲကျေးရွာအနီးမှာ နေ့တဝက်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်တွေ ဆုတ်ခွာခဲ့ရပါတယ်။
ဇန်နဝါရီ ၂ ရက်မနက်ပိုင်းမှာတော့ ပိန္နဲပင်ဆိပ်ကျေးရွာအနီးကို စစ်ကောင်စီစစ်ကြောင်း ထပ်မံရောက်ရှိလာရာက စတင်တိုက်ပွဲဖြစ်ခဲ့ပြီး ဇန်နဝါရီ ၄ ရက် မနက် ၄ နာရီအထိ တိုက်ပွဲတွေဖြစ်နေဆဲလို့ ဆိုပါတယ်။
"တပ်ဖွဲ့ဝင်က မနေ့က ချောင်ပိတ်ခံလိုက်ရတာက ၆ ဦးလောက်ရှိတယ်။ ကျဆုံးက ကျနော်တို့ ဒီဘက်နယ်က PDF၊ EAO ၃ ယောက်ပဲရှိတယ်။ အဲ့ဒါကိုမှ ပြည်သူတွေသေတဲ့ဟာကိုပါ ဒီကောင်တွေပစ်သတ်ပြီး တင်ထားတာ။ ဒီကောင်တွေစစ်ကြောင်းဝင်လာတာမှာ ကျနော်တို့ကင်းတွေ ပေါက်သွားတာ။"လို့ မြေပြင်တိုက်ခိုက်ရေးပါ PDF တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး စစ်ကောင်စီဘက်ကလည်း ၇ ဦးသေဆုံးထားကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေတ္တခန့်အပ်ထားတဲ့ အသက် ၆၀ အရွယ် ရေလွှဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဌေးအပါ ရေလွှဲရွာနဲ့ ပိန္နဲပင်ဆိပ်ရွာကဒေသခံ ၇ ဦးသေဆုံးထားတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေသေဆုံးမှုဟာ ဇန်နဝါရီ ၃ ရက်နေ့ညနေပိုင်းက ဖြစ်တဲ့တိုက်ပွဲမှာ အများဆုံးဖြစ်ပြီး သေဆုံးတဲ့ အရပ်သား ၆ ဦးရဲ့အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
"တိုက်ပွဲက ၁ ရက်နေ့မှာက ၁ ပွဲပဲဖြစ်လိုက်တယ်။ ကျန်ရက်ကတော့တနေကုန်ဖြစ်တယ်။ ဒီမနက် ၄ နာရီလောက်မှာ ၁ ကြိမ်ထပ်ဖြစ်သေးတယ်"လို့ PDF အဖွဲ့ဝင်ကဆက်ပြောပါတယ်။
ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီအချိန်ခန့် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရေလွှဲကျေးရွာနဲ့ ပိန္နဲပင်ကျေးရွာကြားတိုက်ပွဲမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ် ၉၀၁ တပ်ရင်းက ရဲဘော်စွန်ရဲ (ခ) လှိုင်မင်းဦး၊ ရဲဘော်တယော (ခ) နိုင်ထက်ဝေနဲ့ ရဲဘော်ဖိုးတေ (ခ) မင်းမင်းဦး ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဇန်နဝါရီ ၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီကနေ့မနက်ပိုင်းက ရေတာရှည်မြို့နယ်၊ ရေလွှဲကျေးရွာအနီးမှာ KNU/PDF တွေ တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးကာ လက်နက်တွေရရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
တိုက်ပွဲကြောင့် ရေလွှဲ၊ ပိန္နဲပင်ဆိပ်နဲ့ ကရင်ချောင်းကျေးရွာတွေကဒေသခံတွေ ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်ကလည်း ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာအနီးမှာ ၁ ရက်တည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးဒဏ်ရာရသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - ရေတာရှည်တိုက်ပွဲမှာ နေပြည်တော်တိုင်း စစ်ဌာန၊ အမှတ် ၉၀၁ တပ်ရင်းက ကျဆုံးခဲ့တဲ့ရဲဘော် ၃ ဦး။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#ပဲခူး #ရေတာရှည် #တိုက်ပွဲ #PDF #အရပ်သား #ကျဆုံး
Share Share Share