သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်ကြောင်းထိုးနေလို့ ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံဆီက သိရပါတယ်။
ဇန်နဝါရီ ၄ ရက် ည ၁၀ နာရီခန့်မှာ ရွှေဘိုမြို့ဘက်ကလာတဲ့ အင်အား ၇၀ ပါ စစ်ကောင်စီ စစ်ကြောင်းက လယ်ကိုင်းရွာဘက်ကိုဝင်ရောက်ကာ ဆားတောင်မြို့ဘက်ကလာတဲ့ အင်အား ၇၀ ကျော်ပါစစ်ကြောင်းကလည်း အုန်းနဲဘုတ်ကျေးရွာဘက်ကို ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေကြရတာပါ။
"လယ်ကိုင်း(မှာစခန်းချ) အိပ်တဲ့စစ်ကြောင်းက မှတ်ထိရွာကို ဒီမနက်ရောက်ပြီး တိုက်ပွဲဖြစ်နေတယ်။ အုန်းနဲဘုတ် ဝင်တဲ့စစ်ကြောင်းကတော့ အဲ့ရွာမှာရှိနေတယ်။ စစ်ကြောင်းတွေဝင်လာတော့ ညတွင်းချင်း ပြေးရတာတွေရှိတယ်။ "လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုနေမျိုးအောင်က ပြောပါတယ်။
မှတ်ထိကျေးရွာအနီးကိုရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရလ ၅ ရက် ဒီမနက် ၁၀ နာရီခန့်မှာ ထိတွေ့တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက်အခြေအနေကို မသိရသေးဘူးလို့ဆိုပါတယ်။
စစ်ကြောင်းဝင်နေလို့ မှတ်ထိ၊ အုန်းနဲဘုတ်၊ လယ်ကိုင်း၊ ဟန်လင်း၊ မုဆိုးခြုံ၊ အောင်ချမ်းသာ၊ ကျီးကန်၊ ရေတွင်းကုန်း၊ ပေါက်ကံ၊ ဆားမကျီး၊ ဆားတောင်ကြီး၊ ညောင်ပလွဲ၊ ဟင်းကုန်းရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာခန့်က ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ကိုနေမျိုးအောင်က ပြောပါတယ်။
ထွက်ပြေးနေရတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာကျေးရွာတွေနဲ့ တောတောင်၊ လယ်ယာတွေထဲမှာ ယာယီနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးနေလို့ ထွက်ပြေးနေရတဲ့ကျေးရွာတွေထဲက အောင်ချမ်းသာ၊ မုဆိုးခြုံ၊ ကျီးကန်ရွာတွေက ၂၀၂၃ ဖေဖော်ဝါရီလမှာ စစ်ကောင်စီစစ်ကြောင်းဝင်ချိန် မီးရှို့ခံရတဲ့အတွက် အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ဝက်လက် #စစ်ကြောင်းထိုး #မီးရှို့
Share Share Share