သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ရှောင်နေရတာ ၃ နှစ်ကျော်ကြာပြီဖြစ်တဲ့ စိုင်နိုင်ကွေ့ရွာက ဒေသခံတွေဟာ ဒီနေ့အထိ အိမ်မပြန်နိုင်သေးဘဲ စစ်ရှောင်နေရပြီး လက်ရှိမှာ အမိုးအကာ၊ အနွေးထည်နဲ့ ခြုံစောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
စိုင်နိုင်ကွေ့ရွာခံတွေဟာ ၂၀၂၁ ဇွန်လကတည်းက စစ်ရှောင်နေရတာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်း စခန်းချတပ်စွဲနေတဲ့အတွက် ရွာမပြန်နိုင်သေးဘဲဖြစ်နေကြတာလို့ သိရပါတယ်။
ရွာလုံးကျွတ် တိမ်းရှောင်နေခဲ့ရတာဖြစ်ပြီး လူဦးရေ ၁၂၀ ကျော်ဟာ သူတို့ရွာရဲ့ ၂ မိုင်ကျော်အကွာမှာရှိတဲ့ မူး(ရေပေးမြောင်း)ရဲ့ နံဘေးတလျှောက်မှာ တဲတွေထိုးကာ နေထိုင်နေကြရသလို တချို့တွေကလည်း နီးစပ်ရာကျေးရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။
စစ်ရှောင်တဲတွေဟာ သေးငယ်ပြီး အမိုးအကာလုံလောက်မှုမရှိတဲ့အပြင် တဲငယ် ၁ ခုမှာ လူ ၅ ယောက်နီးပါး စုပြုံပြီးနေကြရတာ ဖြစ်ပါတယ်။
လက်ရှိမှာ အမိုးအကာ၊ အနွေးထည်နဲ့ ခြုံစောင်တွေလိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။
ကူညီထောက်ပံ့သူတွေလာရောက်ပေမယ့် စစ်ရှောင်ဦးရေးများတဲ့အတွက် လောက်ငှမှုမရှိဘဲ အမိုးအကာ၊ ခြုံစောင်တွေ လိုအပ်သူတွေရှိနေဆဲပဲလို့ ဆိုပါတယ်။
“အအေးမိလို့ ဖျားနာနေတဲ့ ကလေးနဲ့ လူကြီးတချို့လည်းရှိတယ်” လို့ စစ်ရှောင်တဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ရှောင်တဲတွေကို ထန်းရွက်၊ မိုးကာ စတဲ့ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားကြပြီး နေထိုင်ကြသူတွေထဲမှာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါ၀င်နေပါတယ်။
အလုပ်အကိုင်နဲ့ပတ်သက်ရင်တော့ နီးစပ်ရာကျေးရွာတွေမှာ လယ်ယာလုပ်ငန်းအတွက် လူငှား(နေ့စား)၊ ကူလီ၊ ငါးဖမ်း၊ သံတိုသံစ၀ယ် အစရှိတာတွေလုပ်ကိုင်နေကြရပြီး အသက်မွေး၀မ်းကြောင်းပြုနေကြရတာပါ။
စစ်ရှောင်ရာနေရာမှာ နေထိုင်ကြတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေကတော့ အနီးအနားက ရွာမှာရှိတဲ့ ကျောင်းတွေမှာ ပညာသင်ကြားခွင့်ရကြပါတယ်။ ဒါပေမဲ့ စာသင်စရိတ်အတွက် အဖိုးအခပေးနေရတာတွေရှိတာကြောင့် ပုံမှန်၀င်ငွေမရှိတဲ့ကြားက ကလေးကို ကျောင်းထားရတာဟာ အခက်အခဲရှိတယ်လို့ ကျောင်းသား မိဘတွေက ဆိုပါတယ်။
ပုံစာ - မူးရေပေးမြောင်းဘေးမှ စိုင်နိုင်ကွေ့ရွာ စစ်ရှောင်များ။
သတင်း - လက်ျာ၊ စာတည်း - JCG
#မြေလတ်အသံ
#စစ်ရှောင် #စိုင်နိုင်ကွေ့ရွာ #အမိုးအကာ #အနွေးထည် #ခြုံစောင်
Share Share Share