သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ရာ သယံဇာတလုပ်ကွက်တွေဆီ တင်ပို့ရောင်းချနေတဲ့ စစ်ကိုင်းမြို့နယ်က ဆီသိုလှောင်ခြံ ၁ ခုကို ဝင်ဖမ်းရာ ဆီဂါလံ ၆ သောင်းကျော်၊ လူ ၁၇ ဦးနဲ့ မော်တော်ယာဉ် ၂၂ စီး ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အဲဒီစက်သုံးဆီတွေဟာ TNLA/PDF ထိန်းချုပ်ရာ သပိတ်ကျင်းရွှေလုပ်ကွက်၊ မိုးကုတ်ကျောက်တွင်း၊ PDF ထိန်းချုပ်ရာ ကောလင်းရွှေလုပ်ကွက်၊ KIA ထိန်းချုပ်ရာ ဖားကန့်ကျောက်စိမ်းလုပ်ကွက်နဲ့ တနိုင်းဒေသက ရွှေနဲ့ ပယင်းမှော်လုပ်ကွက်တွေဆီ ပို့ဖို့ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူစစ်ဆေးဂိတ်အနီးက ဆီသိုလှောင်ခြံကို သတင်းပေးချက်အရ ဝင်ဖမ်းခဲ့တာဖြစ်ပြီး အဖမ်းခံရတဲ့ လူ ၁၇ ဦးကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
စစ်ကောင်စီက စက်သုံးဆီကို အရေးကြီးကုန်စည်တခုအဖြစ် သတ်မှတ်ထားရာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ခွင့်ပြုချက်မပါဘဲ သိုလှောင်တာနဲ့ အရောင်းအဝယ်လုပ်တာကို ကန့်သတ်ထားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက နိုင်ငံခြားငွေအဝင်အထွက်ကို ထိန်းချုပ်လိုက်ပြီးနောက် ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှုနဲ့ ဈေးနှုန်းအဆမတန်မြင့်တက်မှုပေါ်ပေါက်လာရာ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
ဒီနေ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ စစ်ကိုင်းတိုင်းဒေသခံတွေဟာ ဆီတွေကို ဝယ်ယူစုဆောင်းပြီး တရားမဝင်ဆီသိုလှောင်ခြံတွေကို ပြန်လည်ရောင်းချနေတာကြောင့် စစ်ကိုင်းတိုင်းအတွင်း စက်သုံးဆီဈေးနှုန်းမြင့်တက်လာပြီး စားသောက်ကုန်ဈေးနှုန်းတွေပါ တက်လာတာလို့ ဆိုထားပါတယ်။
ပုံ - မြန်မာ့အလင်းသတင်းစာ။
#မြေလတ်အသံ
#စစ်ကိုင်း #စက်သုံးဆီ #စစ်ကောင်စီ #ဖမ်းဆီး
Share Share Share