ဟယ်ရီ

ဖြိုဖျက်လည်း မပြိုပျက်တဲ့ ကျောင်းသားသမဂ္ဂ

ဗုံးခွဲဖျက်ဆီးခံရတဲ့နေရာမှာ ကျောင်းသားတွေက "ကျောင်းသားရာကျော်စတေး၍ ရပ်တည်ခဲ့ကြသည်။ အရေးတော်ပုံကျောက်တိုင် ကမ္ဘာတည်သ၍ တည်စေသော်" ဆိုတဲ့ စာသားပါ ရာကျော်ကျောက်တိုင်ကို စိုက်ထူခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ရာကျော်ကျောက်တိုင်ကိုလည်း ဗိုလ်နေဝင်းက ထပ်မံဖျက်ဆီးခဲ့ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီး လူထုလှုပ်ရှားမှုအရှိန်မြင့်နေချိန်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက အဲ့ဒီမြေနေရာမှာ သမဂ္ဂရင်ပြင်နီကျောက်စာတိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။

မီးကုန်ယမ်းကုန် တိုက်လာနိုင်မယ့် စစ်ကောင်စီရဲ့ အညာစစ်ဆင်ရေး

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၁ မိုးအကုန် ပွင့်လင်းရာသီကစလို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအထက်ပိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသ စတဲ့အညာဒေသတဝိုက်မှာ အကြီးစားစစ်ဆင်ရေးတခု လုပ်နေတယ်လို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါပေမဲ့ အညာဒေသရဲ့ လက်ရှိ စစ်ဆင်ရေးအခြေအနေကို ကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်သားတွေဟာ စခန်းအပြင်ထွက်ပြီး လက်ဖက်ရည်ဆိုင်ထိုင်တာ၊ အစားအသောက်ထွက်စားတာ မဆိုထားနဲ့ စခန်းခြံစည်းရိုး အပြင်ထွက်ရုံနဲ့တင် ဒေသကာကွယ်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို ခံနေရပါတယ်။

အညာမီးလောင်ပြင်က အညာပစ်တိုင်းထောင် (Photo Story)

အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်တဲ့အခါ မီးရှို့တာတွေအပြင် မြင်မြင်သမျှ လူကြီးလူငယ်မရွေး ပစ်ခတ်တာတွေကြောင့်လည်း အညာဒေသက လူတွေရဲ့အသက်ဟာ နေ့မြင်ညပျောက် ဖြစ်နေကြပါတယ်

မုံရွာ-မန္တလေးလမ်းပိုင်းပေါ်က ခွေးသတ်ကွင်း

အခုလို စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏမိုင်းဆွဲခံရတဲ့အတွက် နောက်ပိုင်းမှာ စစ်ကောင်စီဟာ ခြေလျင်စစ်ကြောင်းနဲ့ မိုင်းရှင်းတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မိုင်းရှင်းလာတဲ့ ခြေလျင်စစ်ကြောင်းကိုယ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံနေရတဲ့အဖြစ်ပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10