ဖြိုဖျက်လည်း မပြိုပျက်တဲ့ ကျောင်းသားသမဂ္ဂ

ဇူလိုင်လ ၈ရက် ဒီနေ့ဟာ ၁၉၆၂ အာဏာသိမ်းခေါင်းဆောင် ဗိုလ်နေဝင်းက တကသအဆောက်အဦ၊ ကျောင်းသားသမဂ္ဂအဆောက်အုံကို ဗုံးခွဲဖျက်ဆီးလိုက်တဲ့နေ့ဖြစ်ပါတယ်။

 

ဗုံးခွဲဖျက်ဆီးခံရတဲ့နေရာမှာ ကျောင်းသားတွေက "ကျောင်းသားရာကျော်စတေး၍ ရပ်တည်ခဲ့ကြသည်။ အရေးတော်ပုံကျောက်တိုင် ကမ္ဘာတည်သ၍ တည်စေသော်" ဆိုတဲ့ စာသားပါ ရာကျော်ကျောက်တိုင်ကို စိုက်ထူခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ရာကျော်ကျောက်တိုင်ကိုလည်း ဗိုလ်နေဝင်းက ထပ်မံဖျက်ဆီးခဲ့ပါတယ်။ 

 

၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီး လူထုလှုပ်ရှားမှုအရှိန်မြင့်နေချိန်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက အဲ့ဒီမြေနေရာမှာ သမဂ္ဂရင်ပြင်နီကျောက်စာတိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။

 

ဒီအကြောင်းတွေအပါအဝင် 7 July အရေးအခင်းနဲ့ ပတ်သက်တာတွေ၊ ကျောင်းသားသမဂ္ဂတွေရဲ့ ခေတ်အဆက်ဆက် ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသား အောင်ဖုန်းမော်နဲ့ မြေလတ်အသံက တွေ့ဆုံအင်တာဗျူးထားပါတယ်။

 

#မြေလတ်အသံ

 #7July #အရေးအခင်း #ကျောင်းသားသမဂ္ဂ #ရာကျော်ကျောက်တိုင် #သမဂ္ဂရင်ပြင်နီကျောက်စာတိုင် #အောင်ဖုန်းမော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10