“ပြည်သူအချင်းချင်း ပြန်မသတ်ချင်လို့ CDM လုပ်တာ”  - အသက် ၁၆ နှစ်နဲ့ စစ်သားဖြစ်ခဲ့သူ

 

သူ့နာမည်က ဟိန်းဇော်ဦး။ အသက်က ၂၁ နှစ်ရှိပါပြီ။ တပ်မ ၄၄ လက်အောက်ခံ ခမရ  ၂ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးတော့ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်မှာ ဘက်ပြောင်းခိုလှုံလာတဲ့ CDM စစ်သားတဦး ဖြစ်ပါတယ်။

၁၆ နှစ်သားအရွယ်ကတည်းက ကလေးစစ်သားအဖြစ်စုစောင်းခံခဲ့ရတဲ့ ကိုဟိန်းဇော်ဦးဟာ ကျိုက်ထီးရိုးဘုရားကနေ သူ့ဇာတိရန်ကုန်မြို့ကို ရထားနဲ့ပြန်လာစဥ် ကျိုက်ထိုဘူတာအရောက်မှာ စစ်သားစုစောင်းရေးတပ်ရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပါတယ်။ အဲ့ဒီအချိန်ကတည်းက စစ်သား တယောက်အဖြစ် နေထိုင်နေခဲ့ကာ သူ CDM ဝင်ရောက်လာချိန်မှာတော့ စစ်မှုထမ်းသက်က ၄ နှစ်ကျော် ရှိနေပါပြီ။ 

မေးမြန်း/ရိုက်ကူး - ZLH 

#မြေလတ်အသံ

#CDM #စစ်သား #ကလေးစစ်သား #ရွှေ့ပြောင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10