"ရွှေဘိုဆန်အပါအဝင် မြန်မာ့ဆန်ဈေးကွက် စိန်ခေါ်မှုများ"

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းဆန်မျိုးစုံဈေးဟာ အဆမတန်မြင့်တက်လာတာ တွေ့ရပါတယ်။ ပြည်သူလူထုရဲ့ အခြေခံလုပ်အားခ၊ လစာဝင်ငွေတို့ကတော့ ထူးပြီးတိုးမလာသလို အလုပ်အကိုင်ရှားပါးမှုနဲ့ပါ ပြည်သူအားလုံးရင်ဆိုင်နေကြရပါတယ်။ 

ဒီအထဲမှာ အဓိကအားဖြင့် စိုက်ပျိုးရေးကိုအားပြုပြီး လုပ်ကိုင်နေရတဲ့ ကျေးလက်နေပြည်သူတွေအဖို့ စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ စက်သုံးဆီနဲ့ဓါတ်မြေဩဇာအပါအဝင် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်မှုတွေကြောင့် လယ်ယာလုပ်ငန်းတွေကို အပြည့်အဝမလုပ်ကိုင်နိုင်ကြတော့သလို တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေကြရတဲ့ တောင်သူတွေအဖို့ လယ်ယာလုပ်ငန်းတွေကို မလုပ်ကိုင်နိုင်ကြတာတွေ့ရပါတယ်။ 

ဒီအထဲမှာ မြန်မာတနိုင်ငံလုံးသာမက အိမ်နီးချင်းနိုင်ငံတွေအထိ ထိုးဖောက်လာနိုင်တဲ့ ရွှေဘိုဆန်ထွက်ရှိရာ ရွှေဘိုဒေသလည်း ပါဝင်နေပါတယ်။ 

ဒီလို ရွှေဘိုဆန်အပါအဝင် ဆန်ချောဈေးနှုန်းမြင့်တက်မှုနဲ့ ဆန်အထွက်လျော့နည်းလာမှု၊ လာမယ့်နှစ်အတွက် ဆန်ဈေးကွက်စိန်ခေါ်မှု စတာတွေကို ဒီတပါတ်မြေလတ်ဒေသ လူမှုစီးပွါးအစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ)က စုစည်းတင်ပြပေးထားပါတယ်။

 

#မြေလတ်အသံ

#လူမှုစီးပွား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10