"ဆောင်းသီးနှံနဲ့ ဖျက်ပိုးအန္တရာယ်" (လူမှုစီးပွား)

ယခုနှစ် ကမ္ဘာ့ရာသီဥတုဟာ အယ်လ်နီညိုရာသီဥတုနှစ်ဖြစ်တဲ့အတွက် အချိန်အခါမဟုတ်မိုးရွာတာ၊ တချို့ဒေသက မိုးခေါင်တာ မုန်တိုင်းဖြစ်တာ၊ အပူချိန်မြင့်တာ၊ ရေရှားပါးတာ စတာတွေကို ကြုံရတတ်တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ 

ယခုဆောင်းရာသီမှာလည်း တိမ်ရိပ်တိမ်လိပ်တွေနဲ့ အုံ့မှိုင်းပြီး အအေးဓာတ်လျော့ကျသွားတဲ့အတွက် မကြာမကြာပြန်ပူနွေးလာနိုင်တာကြောင့် သီးနှံဖျက်ပိုးမွှား ပေါက်ဖွားနှုန်းများနိုင်လို့ ဆောင်းသီးနှံစိုက်တောင်သူတွေအနေနဲ့ ဖျက်ပိုးအန္တရာယ်ဂရုပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ထားတာတွေ့ရပါတယ်။ 

ယခုဆောင်းရာသီမှာ ဘယ်လိုသီးနှံတွေအစိုက်များပြီး ဖျက်ပိုးကျရောက်မှုအခြေအနေဘယ်လိုရှိနေလဲ၊ ဖျက်ပိုးတွေကြောင့် စိုက်ခင်းတွေထိခိုက်ပျက်စီးမှုအခြေအနေနဲ့ ဆောင်းသီးနှံအထွက်နှုန်း ဘယ်လိုရှိနေမလဲ စတာတွေကို ဒီတပတ် မြေလတ်ဒေသ လူမှုစီးပွား အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ(မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။

#မြေလတ်အသံ 

#လူမှုစီးပွား #ဆောင်းသီးနှံ #သီးနှံဖျက်ပိုး #အယ်လ်နီညို #ဆောင်းရာသီ #အပူချိန် #အချိန်အခါမဟုတ်မိုးရွာခြင်း #မိုးခေါင် #မုန်တိုင်း #ရေရှားပါး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10