"အခွန်အခနဲ့ လည်ပင်းညှစ်ခံရပြန်တဲ့ နှမ်းတောင်သူတွေ" (လူမှုစီးပွား)

မြန်မာနိုင်ငံမှာ နှမ်းစိုက်ဧက ၄ သန်းကျော်ရှိပြီး ဒီအထဲမှာ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်း တို့မှာ အဓိက စိုက်ပျိုးကြတာတွေ့ရပါတယ်။ 

မကွေးတိုင်း ဂန်ဂေါနယ်ဘက်မှာတော့ မေလနဲ့ ဇွန်လမှာ စိုက်တဲ့ မိုးနှမ်း‌ဟာ အခုအချိန်မှာ ရိတ်သိမ်းနေကြပြီး ပခုက္ကူခရိုင် မြစ်ခြေဘက်မှာတော့ မိုးနှောင်း စိုက်ပျိုးနေကြ နှမ်းကို ယခုလ စက်တင်ဘာမှာ စတင်စိုက်ပျိုးနေကြပါပြီ။ 

ယခင် မိုးကြိုအဖြစ် စိုက်ပျိုးခဲ့တဲ့ နှမ်းတွေကတော့ ရိတ်သိမ်းချိန် မေလအတွင်း မိုခါမုန်တိုင်းဒါဏ်ကြောင့် နေရာတော်တော်များများမှာ များစွာပျက်စီးခဲ့တာ တွေ့ရပါတယ်။ 

နှမ်းစိုက်တောင်သူတွေခမျာ ရာသီဥတုဘေး၊ စစ်ဘေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှု စတဲ့ စိန်ခေါ်မှုတွေကြားက ဘယ်လောက်ပင် ကြိုးစားစိုက်ပျိုးခဲ့ကြပေမယ့် ယခုနှစ် အထွက်နှုန်း ဘယ်လိုရှိမလဲ၊ နှမ်းပေါ်ချိန်မှာရော တကယ် ရသင့်ရထိုက်တဲ့ နှမ်းဈေးနှုန်းတွေ ရကြရဲ့လား၊ ဘာတွေအခက်အခဲရှိနေကြလဲ စတာတွေကို ဒီတပတ် မြေလတ် ဒေသ လူမှုစီးပွား အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။

#မြေလတ်အသံ #လူမှုစီးပွား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10