စိုက်ပျိုးရေးတောင်သူဘဝကိုစွန့်ပြီး ကြုံရာကျပန်းအသက်မွေးနေကြရတဲ့ စစ်ရှောင်ဘဝများ (လူမှုစီးပွား)

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်စစ်ကြောင်းထိုးမှုများ၊ ဒေသတွင်း စစ်ပွဲများကြောင့် ကျေးလက်နေတောင်သူအများစုဟာ အိုးအိမ် နေရပ်တွေကိုစွန့်ခွာပြီး အသက်ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပါတယ်။ စစ်ဘေးရှောင်းရင်း ရောက်ရာအရပ်ဒေသမှာ စိုက်ပျိုးရေးထက် ဘဝကိုကြုံရာကျပန်းအလုပ်တွေလုပ်ရင်း အသက်ရှင်သန်ဖို့ မွေးမြူနေကြရပါတယ်။ 

ဒီအထဲမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ တိုက်ပွဲတွေပြင်းထန်တဲ့ တိုင်းနဲ့ ပြည်နယ်အချို့က တောင်သူမိသားစုများစွာပါဝင်သလို မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မင်းရွာကျေးရွာနဲ့ နေယင်းကျေးရွာက အိမ်ထောင်စု ၇၀၀ ကျော် လူဦးရေ ၂၀၀၀ ခန့်လည်း ပါဝင်ကြပါတယ်။ 

အခုစစ်ရှောင်လာကြတာ ၁ နှစ်ကျော်ရှိနေပြီဖြစ်တဲ့ သူတို့တွေ ဘယ်လိုရပ်တည်အသက်ရှင်နေကြလဲ၊ ဘာတွေလုပ်ကိုင်စားသောက်နေကြသလဲ၊ သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေး စတာတွေအပြင် သူတို့ဘာတွေလိုအပ်နေလဲ သိရှိနိုင်ဖို့ ဒီတပတ် မြေလတ်ဒေသ လူမှုစီးပွားအစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။

#မြေလတ်အသံ #လူမှုစီးပွား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10