"စပါးစိုက်ပြီး ဆန်ကွဲကိုဝယ်စားနေရတဲ့ လယ်သမားတွေ များလာတဲ့ မြန်မာနိုင်ငံ" (လူမှုစီးပွား)

စစ်အာ‌ဏာသိမ်းပြီးနောက် ယခုရက်ပိုင်း ဆန်စပါးကို ကိုယ်တိုင်စိုက်ပျိုးနေရ‌ပေမယ့် အချို့ လယ်သမားတွေမှာ ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ ဆန်ကို ပြန်ဝယ်မစားနိုင်တော့ဘဲ ဈေးသက်သာတဲ့  ဆန်ကွဲ ကိုဝယ်ပြီး ရောစားနေရတဲ့ အဖြစ်တွေ မြန်မာပြည်နေရာဒေသ တော်တော်များများမှာ ကြုံတွေ့လာနေရပါတယ်။ 

အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ နိုင်ငံရေး မတည်ငြိမ်မှုများ၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်း အစမတန် ကြီးမြင့်မှုတွေကြောင့် ယခုလို ဆန်ဝယ်မစားနိုင်လို့ ဆန်ကွဲတွေကို ဝယ်စားနေရ‌တဲ့အထဲမှာ မြေလတ်ဒေသက လယ်ယာလုပ်သားဦးကြီးတွေပင်မကဘဲ မြန်မာပြည်ရဲ့ ဆန်အိုးကြီးဖြစ်တဲ့ ဧရာဝတီတိုင်းအတွင်းက လယ်ယာလုပ်သားအချို့တွေပင် ဒီလိုအဖြစ်တွေကြုံနေရတယ်လို့သိရှိရပါတယ်။ ဒါတွေကို ဒီတပတ် မြေလတ် ဒေသ လူမှုစီးပွား အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။ 

#မြေလတ်အသံ #လူမှုစီးပွား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10