"ပဲခူးတိုင်းထဲက မျှော်လင့်ချက်မဲ့ လယ်ယာကဏ္ဍ”

၂၀၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံအတွင်းက လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေအတွက် အလွန်ဆိုးဝါးတဲ့ နှစ်လို့ ပြောဆိုရပါလိမ့်မယ်။ 

မေလအတွင်းကလည်း မိုခါမုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် မြန်မာနိုင်ငံ နေရာဒေသတော်တော်များများက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ အထူးသဖြင့် မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ မိုးစပါးအတွက် မျိုးစေ့အပါအဝင်၊ လယ်ယာသီးနှံစိုက်ခင်းတွေ၊ ရိတ်သိမ်းခါနီး နွေစပါးအများအပြား ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။ 

ဒီလို စပါးစိုက်ပျိုးရေးတွေ ထိခိုက်မှုများတဲ့ အထဲမှာ ပဲခူးတိုင်းလည်းပါဝင်ပါတယ်။ ယခုနှစ်မှာ မိုးစပါးကို ၂.၆ သန်းကျော်အထိ စိုက်ပျိုးဖို့ယာထားတဲ့ ပဲခူးတိုင်းဟာ လက်ရှိအချိန်မှာ စိုက်ပျိုးပြီးသား စပါးခင်းဧက သိန်းချီပြီး ‌ရေနစ်ဆုံးရှုးရပြန်ပါပြီ။ 

အခုလို ပဲခူးတိုင်းထဲက လတ်တ‌လော ဖြစ်ပေါ်နေတဲ့ ရေကြီးနစ်မြုပ်မှုအခြေအနေတွေနဲ့ လယ်ယာကဏ္ဍ မှာ လယ်သမားတွေ ဘယ်လို မျှော်လင့်ချက် မဲ့နေကြလဲ စတာတွေကို ဒီတပတ် မြေလတ်ဒေသ လူမှုစီးပွား အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ(မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။ 

#မြေလတ်အသံ  

#လူမှုစီးပွား #လယ်ယာစိုက်ပျိုးရေး #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10