"လောင်စာဆီအခက်အခဲနဲ့ စိုက်ပျိုးရေးကဏ္ဍ" (လူမှုစီးပွား)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး အလွန်ဆိုးဝါးတဲ့ လောင်စာဆီအခက်အခဲပြဿနာကို ပြည်သူတစ်ရပ်လုံး ရင်ဆိုင်နေကြရပါပြီ။ ဒီအခြေအနေကို သိသာထင်ရှားစေတဲ့မြင်ကွင်းတွေကတော့ မြန်မာတနိုင်ငံလုံးက ဓာတ်ဆီဆိုင်ကြီးတွေရှေ့မှာ မော်တော်ဆိုင်ကယ်တွေ၊ မော်တော်ကားတွေ ရှည်လျားစွာ တန်းစီနေကြတဲ့မြင်ကွင်းပါ။ 

တကယ်တော့ အခုလိုစက်သုံးဆီပြတ်လတ်မှုမှာ ဒီလို သိသာထင်ရှားတဲ့ မြင်ကွင်းတွေအပြင် နောက်ထပ်ဆိုးဆိုးဝါးဝါးထိခိုက်လာမှုကဏ္ဍတွေ များစွာရှိပါတယ်။ ဒီအထဲမှာ သယ်သူပို့ဆောင်ရေး ၊ လျှပ်စစ်မီး မှန်မှန်မရရှိတဲ့ စက်ရုံအလုပ်ရုံများ စတာတွေအပြင် လောင်စာဆီအသုံးပြုနေကြရတဲ့ စိုက်ပျိုးရေးကဏ္ဍက လယ်ယာသုံးစက်ပစ္စည်းတွေ လောင်စာဆီဝယ်မရတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းများစွာ အခက်တွေ့နေကြရပါပြီ။

လောင်စာဆီအခက်အခဲက စိုက်ပျိုးရေးကဏ္ဍမှာပါ ဘယ်လောက်အထိရိုက်မှုရှိလာလဲ၊ တောင်သူလယ်သမားတွေအတွက် လောင်စာဆီကရော ဘယ်လောက်အရေးပါနေလဲ၊ ဒီအတွက်အကျိုးဆက်ကဘာဖြစ်လာမလဲ စတာတွေကို ဒီတပတ် မြေလတ်ဒေသ လူမှုစီးပွား အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ(မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။

#မြေလတ်အသံ 

#လူမှုစီးပွား #လောင်စာစီ #အခက်အခဲ #ဓါတ်ဆီ #ဒီဇယ် #စက်မှုလယ်ယာ #တောင်သူလယ်သမား #ကား #ဆိုင်ကယ် #တန်းစီ #စက်သုံးဆီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10