အယ်နီညိုကြောင့် သီးနှံအထွက် ထိခိုက်နိုင်လား (လူမှုစီးပွါး)

မြန်မာပြည်သူလူထုဟာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ ပြည်တွင်းစစ်ပွဲများ၊ စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုတွေ စတာတွေကြောင့် ပြည်သူအများစုဟာ နေရပ်တွေကိုစွန့်ခွာတိမ်းရှောင်နေကြရသူတွေများစွာ ရှိပါတယ်။ ဒီအထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြရတဲ့ တောင်သူလယ်သမားများစွာလည်း ပါဝင်တာကြောင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေ မစိုက်ပျိုးနိုင်တဲ့အတွက် စိုက်ပျိုးသီးနှံထွက်ရှိမှုများစွာ လျော့နည်းလာတာ တွေ့ရပါတယ်။ 

ဒါ့အပြင် အခုဆိုရင် အယ်နီညိုရာသီဥတုဖြစ်စဉ်ဟာ ကမ္ဘာ့နေရာတော်တော်များများမှာ စတင်ခံစားနေရပြီ ဖြစ်သလို ဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်သက်ရောက်လာမှာဖြစ်လို့ ဒီရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးနဲ့ သီးနှံအထွက်တွေနှုန်းတွေအပေါ် ဘယ်လို သက်ရောက်လာနိုင်မလဲ၊ လက်ရှိရော ရာသီဥတု ဘယ်လိုအခြေအနေရှိနေလဲ၊ ဒီနှစ် သီးနှံအထွက်နှုန်း ဘယ်လိုခန့်မှန်းကြလဲ၊ သီးနှံအထွက်နှုန်း အတက်အကျ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လာမလဲ စတာတွေကို ဒီတပါတ်မြေလတ်ဒေသ လူမှုစီးပွါးအစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ) က စုစည်းသုံးသပ်တင်ဆက်ပေးထားပါတယ်။

#မြေလတ်အသံ 

#လူမှုစီးပွား #အာဏာသိမ်းမှု #အကျိုးဆက် #အယ်နီညို #သီးနှံအထွက်နှုန်း #လယ်ယာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10