"အချိန်အခါမဟုတ်မိုးနဲ့ ရိတ်သိမ်းခါနီးစပါးခင်းများ" (လူမှုစီးပွား)

၂၀၂၃ ခုနှစ်ရဲ့ ရာသီဥတုဖြစ်စဥ်ဟာ အယ်နီညို ရာသီဥတုဖြစ်တဲ့အတွက် ကမ္ဘာ့နေရာဒေသတွေမှာ ပုံမှန်မဟုတ်တဲ့ ရာသီဥတုဖြစ်စဉ်မျိုးတွေကြုံတွေ့ခံစားနေကြရတာတွေ့ရပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံလည်းပါဝင်သလို ယခုရက်ပိုင်း မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ နေရာအချို့မှာ အချိန်ခါမဟုတ်မိုးရွာသွန်းမှုများဖြစ်ပေါ်နေတဲ့အတွက် ရိတ်သိမ်းခါနီးစပါးခင်းတွေ၊ ရိတ်သိမ်းလက်စ စပါးခင်းတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ကြပါတယ်။ 

ဒီလို အချိန်အခါမဟုတ်မိုး‌ကြောင့် စပါးခင်းတွေဘယ်လောက်အထိ ထိခိုက်ပျက်စီးခဲ့ရလဲ၊ အထွက်နှုန်းနဲ့ ဆန်အရည်အသွေးအပေါ် ဘယ်လိုထိခိုက်နိုင်လဲ၊ နောက်ဆက်တွဲ အကျိုးဆက်ဘာတွေ ဆက်ဖြစ်လာနိုင်လဲ စတာတွေကို ဒီတပတ် မြေလတ်ဒေသ "လူမှုစီးပွား အစီအစဉ်"မှာ ကလောင်ရှင် ဒိအာကာ(မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။

#မြေလတ်အသံ 

#လူမှုစီးပွား #အယ်နီညို #အချိန်အခါမဟုတ် #မိုးရွာသွန်းမှု #စပါးခင်း #ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10