ပန်းတောင်းနယ်၊ ထုံးဘိုအုပ်စုက ရေဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်နေ
“အဓိက ကတော့ ဆန်၊ ဆီနဲ့ သောက်ရေလိုအပ်တာပါ။ လက်ရှိကတော့ အိမ်ကပါလာတာတွေရယ် စကစ က လာပို့တဲ့ တအိမ်ထောင် ဆန် ၃ ပြည်လောက်ပေးတာပဲ ရှိတယ်၊ မလောက်ငှဘူး။ ကျန်းမာရေးအတွက် အထူးသဖြင့်ဝမ်းရောဂါမဖြစ်ဖို့ သောက်သုံးရေလိုအပ်တယ်။ ဆေးဝါးလည်း ပါတာပေါ့၊ လက်ရှိတာ့ ကျန်းမာရေးဆိုးဆိုးဝါးဝါးဖြစ်တာမျိုး မရှိသေးဘူး”