ပြည်မြို့မှာ ရေဆက်တက်နေပြီး ရေလွတ်ရာရွှေ့ပြောင်းနေရ (Photo News)

ပြည်မြို့မှာ ရေဆက်တက်နေပြီး ရေလွတ်ရာရွှေ့ပြောင်းနေရ (Photo News)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ ဧရာဝတီမြစ်ရေ ဆက်တိုက်ဆက်တိုးနေတဲ့အတွက်ကြောင့် ရေလွတ်ရာအမြင့်ပိုင်းတွေကို ပြောင်းရွှေ့နေကြရပါတယ်။ 

ဇူလိုင် ၁၂ ရက်ကတည်းက သိသိသာသာမြင့်တက်နေတဲ့ ဧရာဝတီမြစ်ရေဟာ ဒီကနေ့အထိ ဆက်လက်မြင့်တက်နေဆဲဖြစ်ကာ မြစ်နဲ့နီးတဲ့ရပ်ကွက်တွေနဲ့ အနိမ့်ပိုင်းနေရာတွေမှာ နေအိမ်တွေထဲထိ ရေတွေဝင်လာနေတာဖြစ်ပါတယ်။

"အနောက် လက်ခုတ်ပင်ရွာ ရွာဝင်လမ်းတောင် မြုပ်နေပြီ၊ ရွာတော့ အတော် မြုပ်လောက်ပြီ။ အဆင်ပြေသလို အမြင့်ပိုင်းတွေ ရွှေ့နေကြတာ၊ ခုလည်း မိုးရွာနေတယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။

ရေဝင်နေတဲ့ ရပ်ကွက်တွေနဲ့ ရေဝင်နိုင်မယ့် အနိမ့်ပိုင်းရပ်ကွက်ကလူတွေ ကြိုတင်ရွှေ့ပြောင်းနေကြပြီး ကူညီကယ်ဆယ်ရေးလုပ်နေတာတွေလည်းရှိတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#ပဲခူး #ပြည် #ဧရာဝတီမြစ် #ရေဘေး #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10