ရေကြီးမြေပြိုလို့ နုန်းနဲ့ အမှိုက်တွေဖုံးသွားတဲ့ စိုက်ဧက ၁၀၀၀ ကျော် ပြန်မဖော်နိုင်တာကြောင့် မစိုက်နိုင်ဘဲ တောင်သူတွေ အလုပ်လက်မဲ့ဖြစ်နေ ■ စက်ယန္တရားတွေနဲ့ ပြန်ဖော်ဖို့လိုအပ်ပြီး စစ်ကောင်စီက လာရောက်ကူညီတာ မရှိသေးလို့ဆို
" အမှိုက်တွေ ဒိုက်တွေတအားများနေတာ။ နုန်းထိုးတာကျတော့လည်း ပေနဲ့တွက်မယ်ဆိုရင် ၅ ပေလောက်တက်နေတော့ နုန်းတွေကို ထယ်မထိုးရဲဘူး။ အမှိုက်တွေ ဒိုက်တွေက တချို့နေရာ ၆ ပေ၊ အနည်း ဆုံး ၃ ပေ ၄ ပေ။ ကျပ်သိပ်နေတော့ လက်နဲ့ဖယ်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ စက်ယန္တယားမသုံးရင် လူနဲ့ ဖယ်မရဘူး"