၁၀ ရက်ကျော်ကြာရေမကျလို့ မြောင်နယ်ထဲကပြည်သူတွေ နေရပ်မပြန်နိုင်သေး (ရုပ်/သံ)
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အနောက်တောင်ခြမ်းမှာ ၁၀ ရက်ကျော်တဲ့အထိ ရေမကျသေးလို့ ကျေးရွာ ၂၀ ကျော်ခန့် ရေနစ်မြုပ်နေပြီး ပြည်သူတွေဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အနောက်တောင်ခြမ်းမှာ ၁၀ ရက်ကျော်တဲ့အထိ ရေမကျသေးလို့ ကျေးရွာ ၂၀ ကျော်ခန့် ရေနစ်မြုပ်နေပြီး ပြည်သူတွေဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။
“နှမ်းခင်းစိုက်ဧက သောင်းချီပျက်ကုန်တာ။ နှမ်းခင်းတွေ ဘာမှလုပ်မရတော့ဘူး။ ခုနှစ်က နှမ်းတွေလည်း ကောင်းသလို၊ လူတိုင်းနှမ်းစိုက်တာ နှမ်းကရေဝပ်တာနဲ့ သေတာလေ”
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာကနေ အားအလွန်ကောင်းနေခြင်းနဲ့ တောင်တရုတ်ပင်လယ်ပြင်ရှိ လေဖိအားနည်းဆဲလ်က ရွေ့လျားလာတဲ့ တိမ်တိုက်တွေကြောင့် ဇူလိုင် ၁၆ ရက်ကနေ ၂၀ ရက်အတွင်းမှာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးပြီး လေပြင်းတိုက်နိုင်တယ်လို့ ဆိုပါတယ်။
"ပျောက်ဆုံးနေသူတွေ အသက်ရှင်လျက်ပြန်တွေ့ရဖို့ကတော့မျှော်လင့်ချက်တော့နည်းနေပြီ။ ဒါပေမယ့် ဆက်ရှာနေကြတယ်။ ပြန်တော့မတွေ့ကြသေးဘူး"
"အနောက် လက်ခုတ်ပင်ရွာ ရွာဝင်လမ်းတောင် မြုပ်နေပြီ၊ ရွာတော့ အတော် မြုပ်လောက်ပြီ။ အဆင်ပြေသလို အမြင့်ပိုင်းတွေ ရွှေ့နေကြတာ၊ ခုလည်း မိုးရွာနေတယ်။"
“ ချောင်းက ရေစီးသန်နေတော့ မျောပါသွားပြီး သူ ရေစကူးတယ်လို့ ယူဆရတဲ့နေရာနဲ့ ဓါတ်တိုင် ၄ ခန်း အကွာလောက်မှာ ပြန်တွေ့တာ။ ချောင်းကလည်း လူတရပ်လောက်နက်ပြီး ဓါတ်တိုင်ခန်းဝက်ကျော် ကျယ်တာ”
ပဲခူးတိုင်းအနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းတလျောက်ရှိ ပန်းတောင်းမြို့နယ်နဲ့ မိုးညိုမြို့နယ်အတွင်းက ကျေးရွာအချို့ကို ဧရာဝတီမြစ်ရေတက်လာပြီး နေအိမ်တွေနစ်မြုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"မြစ်ကမ်းပါး ပြိုကျတယ်။ တာခြေနဲ့ အရမ်းနီးကပ်နေပြီလေ။ ဒီအတိုင်းဆို ရေကာတာကျိုးပေါက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာ။”
"လူတွေအထိအခိုက်တော့ မရှိဘူး။ ပျက်စီးသွားတဲ့ အိမ်တွေရဲ့အခြေအနေကိုတော့ ရေပြန်ကျမှ သိရမယ်ဗျ။ အခုထိတော့ ရေက မကျသေးဘူးဗျ။"
“မာကလာကုန်း ရေဝင်နေပြီ။ သူတို့တံတားထိပ်(နဝင်းတံတား)မှာ တဲတွေထိုးနေကြပြီ။ ရေတက်ကြမ်းတယ်။ ဒီညနေစရွှေ့ကြပြီ။ မြစ်ရေက ချောင်းရေထက်မြင့်နေပြီ။ နဝင်းချောင်းကော လော့သော်ချောင်းပါ ရေတက်နေပြီ။ စကစ ဘက်ကတော့ ကူညီကယ်ဆယ်ရေး ဘာမှလုပ်တာမမြင်သေးဘူး။ ပရဟိတအဖွဲ့တွေကတော့ ပြင်ဆင်နေကြတယ်။ အရင်ရက်ကတည်းက ကယ်ဆယ်ရေးအတွက်။”
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ စစ်ရှောင်နေရာတွေမှာ ဇွန်လနှောင်းပိုင်းကစလို့ ဧရာဝတီမြစ်ရေ ကြီးလာတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်တွေမှာ အခက်အခဲမျိုးစုံကြုံတွေ့နေကြရတယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ ဆီက သိရပါတယ်။
မုံရွာမြို့နယ်မှာ ဇူလိုင် ၇ ရက်ကစပြီး ချင်းတွင်းမြစ်ရေတက်ရာကနေတဆင့် ရွာပေါင်း ၂၀ ကျော် ရေဘေးသင့်ခဲ့ရတာဖြစ်ပြီး Monywa Nightking အဖွဲ့နဲ့ နီးစပ်တဲ့ ရွာကရေဘေးသင့် ပြည်သူ ၃၀၀ အတွက် ညစာ ကြက်ဥကြော်၊ ပဲတီချဥ်၊ ပဲငပိငရုပ်သီးကြော်နဲ့ ထမင်းတနပ်လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။
“ရေတအားဝသွားရင်(ရေများသွားရင်) ကွမ်းခြံက ပျက်တာပဲ။ မြုပ်တာကတော့ ခြံပေါင်းပြောမယ်ဆို ၅၀၀ ကျော် ၁,၀၀၀ လောက်တော့ မြုပ်နေတယ်။ မြစ်ကမ်နား တောက်လျှောက်တွေပေါ့။ (ဆားလင်းကြီးက) ကွမ်းခြံတော်တော် စိုက်ကြတယ်။”
“မြစ်ကြီးနားကလည်း ရေကမကျသေးတော့ ဆက်ပြီးတော့ တိုးဖို့ပဲကျန်တော့တယ်။ တကယ်လို့ ရေဆက်တိုးလာရင်တော့ ကယ်ဆယ်ရေးတွေလာရင်လာ မလာရင်တော့ ဖြစ်သလိုပဲနေရတော့မယ်။ ဘုန်းကြီးကျောင်းမှာလည်း ရေဝင်နေပြီ။ လူတွေထက် နွားတွေက ပိုဆိုးတယ်။ နွားတွေကျတော့ ရေတက်သွားရင် ဘယ်မှ ထားစရာမရှိဘူး။ ရေပေါ်လည်း ရပ်လို့မရဘူးလေ ကုန်းတွေက ရေမြုပ်ကာနီးပြီ ဒီထက် ရေတထွာတမိုက်လောက် တက်လာရင် ရွာထဲနေလို့မရတော့ဘူး ”
"ရွာတွေမှာက ရေကြီးနေတာက ၁၀ ရက်လောက်ရှိနေပြီ။ အချို့အိမ်ခေါင်မိုးပေါ်ရုံပဲ ရှိတော့တာ။ ရေကလည်းဆက်တိုးနေတော့ ပိုက်ဆံရှိရင်တောင်သွားလာဝယ်စားဖို့မဖြစ်တော့ ရေဘေးရှောင်ပြီး စုနေနေတဲ့နေရာတွေမှာ ရိက္ခာပြတ်လာနေပြီ။ အဲ့ဒီဘက်အခြမ်းကို အကူအညီတွေလည်းမရောက်ဘူး"