သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မြေလတ်ဒေသတွေ အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက်လည်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ နိုဝင်ဘာ ၇ ရက် မနက် ၇နာရီမှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတွေနဲ့ ကချင်နဲ့ မွန်ပြည်နယ်တွေမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး အဲ့ဒီ မိုးတိမ်တောင်ရွေ့လျားသွားရာ ဒေသတလျှောက်မှာ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာတွေနဲ့ မိုးသီးကြွေတာတွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း၊ ချင်းနဲ့ ကရင်ပြည်နယ်တွေမှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းတွေနဲ့ ရှမ်းပြည်နယ်မှာ ဒေသအလိုက်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေ ကချင်၊ ကယားနဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးထစ်ချုန်းရွာတာ မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနကလည်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာဖြစ်ပွားနေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒေသတချို့မှာ အချိန်အခါမဟုတ် မိုးကြီးနိုင်တယ်လို့ နိုဝင်ဘာ ၄ ရက်က ရက်ကြိုခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒီကနေ့ နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်တွေမှာ နေပြည်တော်၊ မကွေးတိုင်း၊ ဧရာဝတီတ်ိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာတာ မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့ NUG သဘာဝဘေးစီမံဝန်ကြီးဌာနက ဆိုထားပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ နိုဝင်ဘာ ၆ ရက် ယမန်နေ့ နေ့လယ်ပိုင်းက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။
ယမန်နေ့ နေ့လယ် ၁ နာရီခန့်မှာ ဟုမ္မလင်းမြို့ အရှေ့ဘက် ၄၆ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃.၄ အဆင့်ရှိ အင်အားနည်း မြေငလျင် ၁ ခု လှုပ်ခတ်ခဲ့တာလို့ မိုးဇလက ဆိုပါတယ်။
#မြေလတ်အသံ
#ရာသီဥတု #သဘာဝဘေးအန္တရာယ် #မိုးရွာ #ရေကြီး #ငလျင်
Share Share Share