သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ သာယာအေးကျေးရွာအုပ်စု၊ ကွမ်ပေါင်ကျေးရွာမှာ မြေသားအက်ကွဲ နိမ့်ဆင်းခဲ့တာကြောင့် လူနေအိမ်နဲ့ ဆေးခန်းအဆောက်အဦ ၉ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၇ ရက် မနေ့မနက် ၄ နာရီခန့်မှာ ပဲခူးမြစ်ကမ်းနဲ့ ပေ ၃၀ ခန့်အကွာ ကျေးရွာအလယ်ပိုင်းမှာ မြေသားအက်ကွဲပြီး မြေ ၂ ပေခန့် ရုတ်တရက်နိမ့်ဆင်းခဲ့တာလို့ ဆိုပါတယ်။
"ပက်ကြားအက်ပြီး မြေက နိမ့်ကျသွားတာ။ ၄ အိမ် ၅ အိမ်လောက်က မီးဖိုချောင်လေးတွေ ပါသွားတယ်။ အိမ်မ နည်းနည်းထိသွားတာ။ ကျန်အိမ်တွေက ပက်ကြားအက်သွားတယ်။ ဘာဖြစ်တာလဲတော့ မသိဘူး။ ကမ်းပါးဘက်ကို လန်ကျသွားတာ၊ ထွက်ကျသွားတာလည်းမရှိဘူး။ နိမ့်ဆင်းသွားတာ။"လို့ ရွာခံတဦးက ပြောပါတယ်။
စုစုပေါင်းမြေဧရိယာ ပေ ၅၀၀ ကျော်လောက် အက်ကွဲနိမ်းဆင်းသွားတာလို့ ခန့်မှန်းရပြီး ကျေးလက်ဆေးပေးခန်း ၁ လုံး၊ အုတ်တိုက် ၃ လုံး၊ သွပ်မိုးပျဉ်ခင်း ဝါးဓနိမိုး နေအိမ် ၅ လုံး စုစုပေါင်း ၉ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကွမ်ပေါင်ရွာဟာ ပဲခူးမြစ်ကမ်းဘေးမှာတည်ရှိပြီး ယခုလိုမြေသားနိမ့်ကျပြီး အက်ကွဲတာ၊ ကမ်းပါးပြိုတာမျိုးတကြိမ်မှမဖြစ်ဖူးဘူးလို့ ရွာခံတဦးက ပြောပါတယ်။
လက်ရှိမှာ ဒေသခံတွေက ပြောင်းရွှေ့နေထိုင်တာမရှိဘဲ အခြေအနေကိုသာ ဆက်လက်စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #အင်းတကော် #မြေအက်ကွဲ #အိမ်ပျက်စီး #သဘာဝဘေးအန္တရာယ်
Share Share Share