ခန့်အောင်

ကြို့ပင်ကောက်က နယ်မြေရဲစခန်းတခု တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

“ကျနော်တို့က စခန်းရဲ့ မျက်စောင်းထိုး ကိုက် ၁၅၀ နေရာလောက်ကပစ်တာပါ။ စခန်းထဲမှာလည်း မီးတွေကဖွင့်ထားတာ။ စစ်ယူနီဖောင်းဝတ်တယောက် လဲကျသွားတာကို မြင်လိုက်ရတာ။“

စစ်ကိုင်းတိုင်းမှာ ၇ လအတွင်း အရပ်သား ၅၀၀ ဦးဝန်းကျင်သေဆုံး

စစ်ကိုင်းတိုင်းမှာ အခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇူလိုင် ၃၁ ရက်အတွင်း အရပ်သားပြည်သူ ၄၉၉ ဦးသေဆုံးခဲ့တယ်လို့ Data for Myanmar က ဩဂုတ် ၂၇ ရက် မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၇ နှစ်အရွယ် တူမဝမ်းကွဲကို အဓမ္မကျင့်တိမ်းရှောင်နေတဲ့ စစ်သားဟောင်းကို PDF က ဖမ်းဆီး

“ဒီကောင်က အဲဒီကိစ္စဖြစ်ပြီး ပြေးလာတာ၊ တပ်ခွဲ ၆ က ရဲဘော်တွေက ဖမ်းပြီးမေးတော့ သူက ဓားထိုးမှုဖြစ်ပြီး ပြေးလာတာလို့ပြောတာ။ ကျနော်တို့ ဇီးကုန်း ပကဖ က စစ်ဆေးမေးမြန်းတော့မှ မုဒိမ်းကျင့်ပြီး ပြေးလာတယ် ဆိုတာသိရတာ” လို့ ဇီးကုန်းမြို့နယ် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကြို့ပင်ကောက်မှာ စစ်မှုထမ်းကြေးအဓမ္မကောက်တဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

“ဒီကောင် ဆိုင်ကယ်နဲ့တယောက်တည်း ကြို့ပင်ကောက်မြို့ဘက်က ပြန်လာတာ။ ကျနော်တို့က သေနတ်နဲ့ပစ်တော့ သူက ဆိုင်ကယ်ပေါ်က ဆင်းပြေးတာ။ ဦးတည်ရာကို ပြေးတာ ၁ မိုင်နီးပါးရှိတယ်။ ခွေးရူးလိုက်ရိုက်ရသလိုပဲ။ “

လက်ပံတန်းမှာ တိုက်ပွဲပြင်းထန် ဗိုလ်မှူးအဆင့် ၁ ဦးအပါ ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦးဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာက ဗိုလ်မှူးအဆင့် ၁ ဦးအပါ ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦးဖမ်းမိကာ လက်နက်မျိုးစုံနဲ့ ကျည်ဆန်တွေ သိမ်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် ဒူးယားက ပြောပါတယ်။

ဝက်ထီးကန်တိုက်ပွဲမှာသေဆုံးတဲ့ ‌ပေါင်းတည်ရဲစခန်းက ဒုရဲအုပ် ငြိမ်းလင်းအောင်ကို မီးသင်္ဂြိုဟ်

“တမြို့နယ်ကို နှစ်ယောက်ဆိုပြီး (ပေါင်းတည်ကနေ) ဝက်ထီးကန်ကို တွဲဘက်တာဝန်ကျရင်း တိုက်ပွဲမှာ သေတာ”

PDF သတင်းစုံစမ်းနေတဲ့ စစ်သားတဦးကို အသေဖမ်းမိပြီး သေနတ်နဲ့ကျည်အချို့ကို သိမ်းဆည်း

” လက်ကပ်ကို အရှင်ဖမ်းဖို့သွားတာ။ သူက လက်ပစ်ဗုံးနဲ့ ပစ်တာ သေနတ်နဲ့ပြန်ပစ်တာတွေလုပ်လို့ အသေပစ်သတ်လိုက်ရတာ။“

PDF ကို စိန်ခေါ်တဲ့ ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

“ကျနော်တို့က ဦးမြင့်တင်ရေလို့ အိမ်ရှေ့က ခေါ်နေတုန်းမှာ သူကအိမ်နောက်ဖေးက ဆင်းပြေးလို့ သေနတ်နဲ့ ပစ်ခဲ့တာ။ ဦးခေါင်းနဲ့ ညာလက်ပြင်ကို မှန်ပြီး ပွဲချင်းပြီး သေသွားတာပါ။“

လေကြောင်းရန်နဲ့ စစ်အကြွင်းအကျန်ပစ္စည်းများ ရှောင်ရှားနည်း ပညာပေး‌ဟောပြောပွဲ မြိုင်မှာ ပြုလုပ်နေ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ လေကြောင်းရန်နဲ့ စစ်အကြွင်းအကျန်ပစ္စည်းတွေ ရှောင်ရှားနည်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေကို အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပန်းတောင်းမှာ ရေကန်အတွင်း ရေမြုပ်မော်တာဆင်းချတဲ့လူငယ် ရေနစ်သေဆုံး

“ရေမြုပ်မော်တာကို ကန်ထဲဆင်းချရင်း ပေါ်မလာလို့ သူနဲ့လုပ်ဖော်ကိုင်ဖက်တွေ ရှာတော့မှ ရေကန်ထဲက ဒိုက်တွေအောက်မှာ သေနေတာ၊ တကိုယ်လုံးပြာနှမ်းနေတာ ရေနစ်သေတဲ့ပုံပဲ”

ပေါက်ခေါင်းမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

“ကျောက်ဒိုးအိမ်က ပေါင်းတလည်ဂိတ်နဲ့နီးနေတော့ ပစ်ပြီးတန်းပြန်ဆုတ်ရတော့ ဘယ်တွေမှန်လဲ သေချာမသိရဘူး။ ပွဲချင်းပြီးတော့ သေသွားတယ် ”

ပေါင်းတည်က နေအိမ် ၂၁ လုံးကို စစ်တပ်ကမီးရှို့၊ ကား ဆိုင်ကယ်တွေလည်း ပျက်စီး (ရုပ်/သံ)

မီးရှို့ခံရလို့ ပျံချီတက်ရွာက ဒေသခံနေအိမ် ၂၁ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး၊ ဝက် ၈ ကောင်နဲ့ လယ်ယာလုပ်ငန်းသုံးလှည်းတွေကိုလည်း ဖျက်ဆီးခဲ့တဲ့အပြင် ကျေးရွာသုံး ဆိုလာပြားတွေကိုလည်း ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးအနောက်ခြမ်းမှာ ၂ ပတ်အတွင်း လက်ပစ်ဗုံးကိုင်အုပ်ချုပ်ရေးမှူး ၄ ဦးအပါ အုပ်ချုပ်ရေးအဖွဲ့ဝင် ၆ ဦး အသတ်ခံရ

အသတ်ခံရသူတွေဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ဘွတ်စိန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုညွန့်စိန်၊ ဆင်တဲကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုသန်းမြင့်၊ ဇရစ်မြှောင်ရွာက ရာအိမ်မှူး ကိုထွန်းထွန်း၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ကိုအောင်ဝင်း၊ ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ကိုမောင်ဝင်း၊ ပေါက်ခေါင်းမြို့နယ်။ သစ်ရောင်းပြန်အုပ်စုအုပ်ချုပ်ရေးမှူး ကိုတင့်လွင်တို့ ၆ ဦး ဖြစ်ကာ ၎င်းတို့ဟာ ဩဂုတ်လ ဒုတိယအပတ်နဲ့ တတိယအပတ်အတွင်း ရက်ပိုင်းသာခြားပြီး အသတ်ခံခဲ့ရတာပါ။

စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းခံရတဲ့ အကြောတက်ရောဂါသည်လူငယ် ဖမ်းထားချိန်သေဆုံး

”ညနေရောက်မှ အလောင်းလာထုတ်ပါဆိုပြီး ပြောတာ။ ဒါတောင် ရဲစခန်းမှာသေတာမဟုတ်ဘဲ အိမ်‌ရောက်မှ သေတယ်လို့ ရဲကပြောခိုင်းတာ“

ကျည်လွဲ‌အဆောင်ကြိုးကွင်းဝတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

“ ကျနော်တို့ကို မြင်တော့ သူက ဆိုင်ကယ်ပေါ်ဆင်းပြီး ခြေလျင်ပြေးတာမှာ ၄ ချက်ပစ်တာ။ ဂုတ်ကို ၃ ချက်မှန်သွားတာ ပွဲချင်းပြီးပဲ။ သူ့ကိုရှင်းဖို့စောင့်နေတာ တလ‌‌ကျော်နေပြီ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10